'မြတ်နိုးသူသာ သိမ်းပါစေလေ' / 'မြတ်နိုးသူူသာ သိမ်းပါစေလေ'

604 43 3
                                    

unicode under below

ခေါင်းစဉ်ထဲက အတိုင်းပါပဲ။ 'မြတ်နိုးသူသာ သိမ်းပါ'။

အမစာရေးသက်တမ်း ၇နှစ်တစ်လျှောက်လုံး။ fanfic တွေရော ကိုယ်ပိုင် creation တွေရော များစွာရေးခဲ့ပေမယ့် ကိုယ့်ကိုကိုယ် စာရေးဆရာလို့ခေါ်နိုင်လောက်ပြီဆိုပြီး မသတ်မှတ်ခဲ့တာအမှန်ပါ။ စာအုပ်ထုတ်ဖို့လည်း အမရဲ့ရေးသားမှုတွေဟာ အဆင့်မီတယ်မခံစားရတာမို့ ဟိုးအရင်ကတည်းက လာကမ်းလှမ်းသမျှစာအုပ်တိုက်တွေကို အမငြင်းပြစ်ခဲ့ပါတယ်။

အမကို wattpad ကရော gmail ကရော messenger ကရော လာမေးသမျှကလေးတွေဆို အမဘယ်လိုဖြေလဲ အသိပါ။ 'စာအုပ်ထုတ်ဖို့အမ အစီအစဉ်မရှိပါဘူးကွယ်' ဆိုတာ ဘယ်အချိန်မေးမေးအမရဲ့အဖြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အမ WunZinn က ကမ်းလှမ်းခံရပြီး 'All For You' လေးကို WunZinn မှာ တင်ဖြစ်ခဲ့တော့ ကလေးတော်တော်များများက အမကို 'All For You' လေး ဝယ်သိမ်းချင်လို့ပါ ထုတ်ပေးပါဆိုပြီး လာပူဆာကြတယ်။

ပထမ တစ်ယောက်နှစ်ယောက်ကိုတော့ အထက်ပါအတိုင်းပဲ အမဖြေခဲ့ပေမယ့် ၁၀ယောက်နဲ့အထက်ပြောလာတဲ့အခါမှာ အမရဲ့စာဖတ်သူကလေးတွေကို အမအရမ်းအားနာလာတယ်။ သူများတွေလို update လည်းမမှန်ပါပဲ။ mood ဝင်တဲ့အချိန်ထရေး တင်ချင်တဲ့အချိန်မှ ထတင်။ ဘယ်သူမှမဖတ်လည်း ငါ့ဟာငါပျင်းရင်ပြန်ဖတ်မဟဲ့ဆိုပြီး ပေပေတေတေနေတာတောင် အချစ်မပြတ်ဘဲ အမတင်တဲ့အချိန် တင်သမျှကို လိုက်ဖက်ပေးနေတဲ့ ဒီလက်တဆုတ်စာ အမရဲ့ကလေးတွေအပေါ် အမတာဝန်မကျေသလိုခံစားလာရတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ 'ရွှေသော့စာပေ' က founder လည်းဖြစ် အမသူငယ်ချင်းလည်းဖြစ်တဲ့ သူက အမစာအုပ်တွေကို ထုတ်ပေးပါ့မယ်။ စာမူပဲပေးပါ ကျန်တာစိတ်တိုင်းကျတဲ့အထိ သူအကုန်လုပ်ပေးပါမယ်လို့ကမ်းလှမ်းလာခဲ့တယ်။ လာပြောခဲ့တဲ့ကလေးတွေအတွက်လည်း လုပ်ပေးချင်စိတ်ရှိနေတဲ့အချိန်ဆိုတော့ အမသဘောတူပြီး 'All For You' လေးကို ထုတ်ဝေဖို့အမပေးလိုက်တယ်ပေါ့နော်။

၂လကြာပြင်ဆင်အပြီးမှာ အခုဆိုရင် 'All For You' လေးက အမကလေးတွေလက်ထဲ ရောက်လာဖို့အဆင်သင့်ဖြစ်နေပါပြီ။ Book Cover ကလည်း အရမ်းလှပြီး အမစိတ်တိုင်းကျ လိုချင်တဲ့ပုံစံအတိုင်း ထွက်လာခဲ့တယ်။ ဒါ့အပြင် အမကလေးတွေကို စာအုပ်ဝယ်တဲ့အခါမှာ အမလက်ဆောင်တွေအများကြီးပေးချင်ခဲ့တယ်။ (အမပေးချင်ခဲ့သမျှ တောင်းဆိုသမျှကိုလည်း တစ်ခွန်းပြန်မပြောဘဲ ဖြစ်အောင်လုပ်ပေးတဲ့ ရွှေသော့ founder ကိုလည်း ကျေးဇူးတင်ပါတယ်။)

Dream MakerWhere stories live. Discover now