Arc(1.5)- Yolic Alilloy

1.2K 172 1
                                    

ကြွယ်ဝချမ်းသာတဲ့ L နိုင်ငံ၊ ဘေးအိမ်နီးချင်းနိုင်ငံတွေကလေးစားအားကျရတဲ့ L နိုင်ငံ၊ စည်ပင်ဝဖြိုးတဲ့ L နိုင်ငံ၊ ဉာဏ်ညာရှိပြီး အေးစက်ထက်မြတ်တဲ့ ဘုရင်ငယ်လေးနဲ့ မိဖုရားငယ်လေးအုပ်ချုပ်ပါသော L နိုင်ငံ၊ မကြာခင် ဧကရာဇ်နိုင်ငံတော်အဖြစ်ကို ဦးတည်နေပါသော L နိုင်ငံ…၊

ထိုနို်င်ငံရဲ့ မြို့တော်ဖြစ်တဲ့ Battis(ဘတ်တစ်စ်) မြို့တော်ဟာ ညနေဝင်ချိန် မှောင်ရီပျိုးလာတာတောင် စည်ကားနေဆဲပဲ။ ညမှထွက်တဲ့ ညဈေးတန်းသဖွယ် ဆိုင်ခန်းအချို့မှ မီးရောင်တွေဟာ လူအပြတ်အလတ်မရှိတဲ့ လမ်းမကြီးကို အလင်းရောင်ပေးနေလေတယ်။

ထိုလမ်းမကြီးထက်မှာတော့ အညိုရောင်ဝတ်စုံဝတ်ထားတဲ့အရပ်မြင့်မြင့်ကောင်လေးတစ်ယောက်နဲ့ စိမ်းပုတ်ရောင်ဂါဝန်ဝတ်ထားတဲ့ ချစ်စရာကောင်မလေးတို့ဟာ လမ်းလျှောက်နေလေရဲ့။ ကောင်မလေးရဲ့ လက်တွေဟာ တစ်ဖက်ကကြည့်ကောင်းတဲ့ ကောင်လေးရဲ့ လက်မောင်းတွေကို ချိတ်ဆွဲထားပြီး ချစ်စရာကောင်းစွာရယ်မောနေသလို ကောင်လေးကလည်း ပြုံးလျက်သားအနေအထားနဲ့ ကောင်မလေးကို နွေးထွေးစွာကြည့်နေရဲ့။

ဘယ်သူကမြင်မြင် သူတို့နှစ်ယောက်ဟာ လှပတဲ့အခိုက်အတန့်တွေကိုပိုင်ဆိုင်ထားသည့် ချစ်စရာကောင်းတဲ့ စုံတွဲတွေလိုပါပဲ။

ယိုးလစ်နဲ့ဗိုင်ရယ်ဟာ အလီလွိုင်းအိမ်တော်ရှေ့ ရောက်သည့်အထိ အတူတကွလမ်းလျှောက်ပြန်လာကြသည်။ ယိုးလစ်ရဲ့ အပြုံးတွေက လှပနေသလို ဗိုင်ရယ်လ်ရဲ့ယိုးလစ်အပေါ်အကြည့်တွေဟာ သူကိုယ်တောင်တောင်မသိလိုက်ပါပဲ နွေးထွေးနေဆဲ။

ဒီနေ့တစ်နေ့လုံး ဘတ်တစ်စ်မြို့ရဲ့ လှပတဲ့နေရာစုံ စည်ကားတဲ့နေရာစုံ ယိုးလစ်နဲ့အတူလည်ပတ်ပြီးနောက်မှာ သူမဟာ ဗိုင်ရယ်လ်ထင်ထားတဲ့ ပုံစံနဲ့ လုံးဝကိုဆန့်ကျင်ဘက်ဖြစ်ကြောင်း သိလိုက်ရသည်။ နန်းတော်ထဲက အမြဲမာနကြီးတစ်ခွဲသားနဲ့ တည်တင်းနေတတ်တဲ့ အေးစက်တဲ့မျက်နှာထားပိုင်ရှင်ဆိုတာ သူမရဲ့မျက်နှာဖုံးလို့ဗိုင်ရယ်လ်တွေးမိသည်။

သူမဟာ ဖြူစင်လွန်းတယ်၊ ချစ်ဖို့ကောင်းတယ်၊ ပျော်ပျော်နေတတ်တယ်၊ တစ်ချက်တစ်ချက်သူလိုချင်တာမရရင် ကလေးလေးတစ်ယောက်လိုပဲ နှုတ်ခမ်းတို့စူကာ စိတ်ကောက်တတ်တယ်… အဲ့တာကမှ သူမရဲ့ပုံစံအမှန်လို့ ဗိုင်ရယ်လ်ထင်မိသည်။ ထိုသိုတွေးမိတော့ သူမကိုသနားလာမိသည်။ အရင်က အထင်လွဲမိတာတွေကြောင့် သူမကို အားနာမိသည်။

Dream MakerWhere stories live. Discover now