Arc(1.3)- Yolic Alilloy

1.2K 177 0
                                    

နံနက်အလင်းရောင်ရောက်နီပျို့တာနဲ့ တစ်ပြိုင်နက် ခန်းနားတဲ့အပြင်အဆင်အဆောင်အယောင်နဲ့ ရထားလုံး အချို့ဟာ နန်းတော်မုဂ်ပေါက်မှ ထွက်လာလေတယ်။ အကြီးမားဆုံးနဲ့ အတောက်ပဆုံး ရထားလုံး ပတ်ပတ်လည်မှာ နန်းတော်ရဲ့ ကိုယ်ရံတော်တပ်က ဝန်းရံနေပြီး အတီးအမှုတ်အကအခုန်တို့ကလည်း တပ်သားရဲမက်အချို့ဝန်းရံကာ ရထားလုံးနောက်က ပါလာလေရဲ့။

အမှန်ပင် ထိုဟာက တိုင်းပြည်မိခင် ဘုရင့်မိဖုရား အိမ်တော်ပြန်အခမ်းအနားဖြစ်လေတယ်။ လှည်းအစည်းတိုက် လက်ဆောင်ပဏ္ဍာများစွာကို အစေခံများစွာက ထိန်းသိမ်းဆောင်ယူလာကြပြီး လက်ရွေးစင်ရဲမက်တွေက ဝန်းရံကာကွယ်လာကြတယ်။ အတီးအမှုတ်အကအခုန်တွေနဲ့ ဗျောက်အိုးတွေဖောက် ထွက်လာလိုက်ကြတာ ပွဲတော်ကျင်းပနေသလိုပါပဲ။

တစ်ဖက်မှာတော့ ယိုးလစ်ဟာ ထိုပုံစံကိုကြည့်ရင်း စိတ်ပျက်နေမိလေတယ်။ ထိမ်းမြားမင်္ဂလာပြုပြီး သတို့သမီးအိမ်တော်ပြန်တယ်ဆိုတာ တကယ်က ယိုးလစ်အတွက် အကြောင်းပြချက်သာသာပဲ။ အဓိက ရည်ရွယ်ချက်က ဒီနန်းတော်ထဲက ထွက်ရဖို့နဲ့ ယိုးလစ်အဖေကို သတိပေးစရာရှိတာသတိပေးဖို့သာဖြစ်လေတယ်။

ယိုးလစ် တိတ်တဆိတ်လုပ်ရမှာတွေအများကြီးရှိတယ်။ ဇာတ်ကြောင်းက ယိုးလစ်ဘက်လှည့်မလာအောင် လမ်းလွှဲရဦးမယ်။ ဒါကို လူသိရှင်ကြား တိုင်းသိပြည်သိ ဆိုင်းတွေဗုံတွေတီးထွက်လာတော့…ဟူးးး… ယိုးလစ်အခုသက်ပြင်းသာချမိတော့တယ်။

ဒါပေမယ့် လက်ရှိယိုးလစ်ဟာ စီစဉ်ထားသမျှ ပျက်ခံမယ့်လူမျိုးမဟုတ်လေဘူး။ အားလုံးမေ့နေကြတဲ့ အဓိကအကြောင်းအရာက လက်ရှိယိုးလစ်ဖြစ်တဲ့ သူမက တော်ဝန်ဆန်သူတစ်ယောက်မဟုတ်ဘူး…
စကားများတယ်…
ပျော်ပျော်နေတတ်တယ်…
အစအနောက်သန်တယ်…
အမြဲတမ်း ပေါ့ပါးသွက်လက်တယ်…
ဉာဏ်နီဉာဏ်နက်များတယ်…
လူသက်သာဖို့အတွက်ဆိုရင် ဘာမဆို ပေါက်ကရလုပ်နိုင်တယ်…
တစ်ဖက်သား ဘာကြီးဖြစ်နေပါစေ စိတ်မပါရင် လှည့်ကြည့်ဖို့တောင် ပျင်းလွန်းသူဖြစ်တယ်…

ဒါဟာ… လက်ရှိယိုးလစ်ပဲ! မူလယိုးလစ်ရဲ့ မှတ်ဉာဏ် အပြုအမူ ဇာတ်ကြောင်းတွေကို လက်ခံပြီး နေခဲ့ပေမယ့် အခုသူမက သူမပဲ။ ဟန်ဆောင်နေရတာမုန်းပေမယ့် ဒူးနေရာဒူးတော်နေရာတော် နေပေးခဲ့ပြီးပြီးပဲ။ ရတောင့်ရခဲ အခလြိုအခွင့်အရေးလေးကို လက်လွှတ်ဖို့ ယိုးလစ်စိတ်ကူးမရှိဘူး။

Dream MakerWhere stories live. Discover now