Arc(1.21)- Yolic Alilloy{Uni}

689 73 9
                                    

ယိုးလစ် ခြေထောက်အထိဖုံးပြီး ကြမ်းပြင်ပေါ် ပုံကျနေသည့် ဂါဝန်စကို မသိမသာတစ်ချက်ဆွဲဆန့်လိုက်သည်။ ဂါဝန်ကားအောင် အောက်ကခံဝတ်သော ကြိမ်ခြင်းကြောင့် ထိုင်ရသည်မှာအဆင်မပြေနေပါချေ။ ဒီကြားထဲ ညီလာခံခန်းမဆီမှ စူးရှသော အမတ်ပေါင်းတို့ရဲ့ မျက်လုံးတွေဟာလည်း ယိုးလစ်ကို လှုပ်ဖို့ပင်မဝံ့အောင် ဖြစ်နေစေသည်။

တကယ်ကို စိတ်ကျဉ်းကျပ်စရာကောင်းတဲ့ ညီလာခံပဲ...။

ဖြစ်ပုံက ဒီလို...။
မနက်ခင်းအချိန်က ရမ်အဖြစ် ညီလာခံတတ်ဖို့ပြင်ဆင်နေတုန်း ဆိုင်းမဆင့်ဘုံမဆင့် ဇာတ်လိုက်ကောင်ထံမှ ဧကရာဇ်အမိန့်ဆိုပြီးရောက်လာသည်လေ။ ဒီကနေ့ ညီလာခံကို ဧကရီတတ်ရောက်ရန် တဲ့...။ ဘာဆေးစားမှားမှန်းမသိသော ဇာတ်လိုက်ကောင်ရဲ့ ထူးထူးဆန်းဆန်းအမိန့်ကြောင့်ယိုးလစ်သာမက ကယ်လီပါ ကြောင်တောင်တောင်ဖြစ်သွားမိတဲ့အထိ!

ဘယ်တုန်းကများ ဧကရီကို ညီလာခံတတ်ဖို့ ဆင့်ခေါ်မိန့်ပို့တဲ့အထိ သဘောကျသွားရတာပါတဲ့လဲ? အရင်ယိုးလစ်တုန်းက ဇာတ်လိုက်ကောင် စစ်ထွက်သွားတုန်း ညီလာခံခဏလေးဝင်ပြီးထိန်းသိမ်းပေးတာကို ဧကရီက ထီးနန်းအာဏာကိုကြံစည်နေပါတယ်ဆိုရင်း အခွင့်အရေးရတာနဲ့ ရှင်းပြစ်ဖို့ချောင်းနေတာမဟုတ်လား? သူမအဖေ စစ်အာဏာ ပြန်အပ်တုန်းကတောင် ချက်ချင်းပဲ နန်းတွင်းထဲက စစ်သူကြီးချုပ်ရဲ့အင်အားကို လျော့ချပြစ်ခဲ့တာ။

ဇာတ်လိုက်ကောင်ရဲ့ ထူးထူးဆန်းဆန်းတွေးခေါ်ပုံတွေကို ငါလေး တကယ်လိုက်မမီတော့ဘူး! :")

ယိုးလစ်တကယ့်ကို တော်ဝင်ဝတ်စုံပြည့်ဝတ်ရတာနဲ့ ကီးကိုမကိုက်တာပါ။ ဘယ်လိုမှအဆင်မပြေ။ မရိုးမရွနဲ့ အိန္ဒြေအပြည့်တောင် မထိုင်နိုင်ဘူးတကယ်။ ညီလာခံမြန်မြန်ပြီးပါစေ ဆုတောင်းရအောင်လည်း အခုမှ ညီလာခံက စလုံးရေစတာဖြစ်လေတော့...။

"အရှင်... ဒီနေ့ကုန်သည်အစည်းအရုံးခေါင်းဆောင်ကို မတွေ့ရပါလား? အကြောင်းတစ်ခုခုများရှိလို့ ညီလာခံပျက်ကွက်ရတာပါလား အရှင်"

ညီလာခံတစ်လျှောက်စွာကျယ်စွာကျယ်နဲ့ရှိနေတတ်တဲ့ ရမ်ကိုမတွေ့တော့ အမတ်တစ်ယောက်က မေးလျှောက်လာသည်။

Dream MakerWhere stories live. Discover now