Arc(1.1)- Yolic Alilloy

1.4K 183 4
                                    

Yolic Alilloy - ယိုးလစ် အလီလွိုင်း

Muya Hubasty - မူယာ ဟူ(ဟယူ)ဘတ်စ်တီ

Lucaus Zoey - လူးကပ်စ် ဇိုဝီ

Argus Alilloy - အားဂတ်စ် အလီလွိုင်း(Yolic အဖေ)

Keli - ကယ်လီ

Youth - ယုဒ်(သမားတော်)
လက်ရှိထိပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ အမည်နာမဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်ထပ်ပေါ်လာရင်လည်း အခုလိုပဲဖော်ပြပေးပါဦးမယ်။
~~~~~~~~~~~~~~

ယိုးလစ် တောင့်တင်းနေသောခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှုပ်ရှားပေးရင်း ကုတင်ပေါ် မှီထိုင်ရန်ကြိုးစားလိုက်တယ်။

ဒီခန္ဓာကိုယ်က ဘာကြောင့် ဒီလောက်တောင့် တောင့်တင်းပြီးနာကျင်နေရတာလဲ? မသိရင် နှစ်ရှည်လများ အိပ်ယာထဲ လဲနေခဲ့သလိုကြီး။

မှီထိုင်၍ပင်မဆုံးလိုက် အခန်းတံခါးတို့ပွင့်ဟသွားပြီး အဝတ်အစား အသင့်အတင့်ဝတ်ထားတဲ့ မိန်းမပျိုလေးတစ်ယောက် ရွှေဝါရောင်ရေဇလုံတစ်ခုကို ကိုင်ပြီးဝင်လာလေတယ်။

"အရှင်မ ကိုယ်လက်သန့်စင်ချိန်ရောက်ပါပြီ။ အရှင့်ကျွန် ကိုယ်တိုင် အရှင်မကို သေသေချာချာ သန့်စင်ပေး…ပေး…"

ခလွမ်း…!~~

ထိုမိန်းကလေးလက်ထဲက ရေဇလုံဟာ လွတ်ကျသွားပြီး ကြမ်းပြင်တစ်လျှောက် စိုရွှဲသွားတယ်။

"အ…အရှင်မ၊ အရှင်မ သတိရလာပြီ။ လာကြပါဦး အရှင်မသတိရလာပြီတော့… လာကြပါဦး!!"

သူမ ဟစ်အော်ရင်းပင် ယိုးလစ်အနားပြေးလာသည်။ ကုတင်ဘေး ဒူးထောက်ထိုင်ချကာ ယိုးလစ်လက်တို့ကို နာကျင်သွားမှာစိုးသည့်အလား ဖွဖွဆုပ်ကို်င်လေတယ်။ မျက်လုံးထဲတွင် ရစ်ဝဲနေသည့် မျက်ရည်တွေက ပျော်လို့ကျသော မျက်ရည်တွေမှန်း သိသာသည်။

ယိုးလစ် သူမမျက်နှာကို မှတ်ဉာဏ်တွေထဲ အပြေးအလွှားရှာဖွေကြည့်လိုက်တော့…
သူမနာမည်က Keli…။ ဒီခန္ဓာရဲ့ သစ္စာရှိအစေခံလည်း ဟုတ်သည်။ ကယ်လီကို မစ္စတာအလီလွိုင်း(ယိုးလစ်ဖခင်) က ကျွန်ဈေးကနေ ဝယ်လာခဲ့တာဖြစ်ပြီး ယိုးလစ်ထက် ၆နှစ်မျှကြီးသည်။ ယိုးလစ် ငယ်စဉ်ကတည်းက ကယ်လီဟာ ယိုးလစ်ကိုစောင့်ရှောက်လာတာဖြစ်သည့်အတွက် ယိုးလစ်အကြောင်းအသိဆုံးသူလည်းဖြစ်သည်။

Dream MakerWhere stories live. Discover now