Arc(1.12)- Yolic Alilloy

1.2K 165 31
                                    

ဟူဘတ်စ်တီ အိမ်တော်ဟာ ဧကရာဇ်ရဲ့ချီးမြှောက်ခံအိမ်တော်လို့ ပြောသည့်အတိုင်းပင် အိမ်တော်၏အနောက်ဥယျာဉ်မှာ ယိုးလစ်တို့အလီလွိုင်းအိမ်တော်ထက် ၃ဆမကပို ကျယ်ဝန်းလေသည်။ မွေးနေ့ပါတီမှာလည်း အိမ်တော် ဧည့်ခန်းမအပြင် ဥယျာဉ်ထဲမှာလည်း ကျင်းပသည်မို့ လူအချို့တစ်လေ ဥယျာဉ်ထဲရှိနေကြသည်လေ။

ထိုအနောက်ဥယျာဉ် တစ်နေရာမှာတော့ ဂါဝန်အနီကို မကာ မကာနှင့် ယိုးလစ်ဟာ စိတ်ပျက်စွာသက်ပြင်းချမိလေသည်။ ဇာတ်လိုက်ကောင်နောက် လိုက်လာခဲ့တာဖြစ်ပေမယ့် အခုတော့ ဇာတ်လိုက်ဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပြီ။ ပိုဆိုးတာက သူမ လမ်းပါပျောက်သွားတာပါပဲ။

တော်ဝင်နန်းဥယျာဉ်ဟာ ဒီထက် ၁၀ဆ မကကျယ်ပေမယ့် ယိုးလစ်ဟာ ဧကရီတစ်ပါးဖြစ်တာရယ်ကြောင့် လမ်းပျောက်ရင်တောင် လိုသည့်နေရာသွားဖို့ လိုက်ပို့မည့်အစေခံတွေက အဆင်သင့်ပင်။ ထို့အပြင် ယိုးလစ်ရဲ့ ဘဝသက်တမ်း တစ်ဝက်ဟာလည်း တော်ဝင်နန်းတော်ထဲ ကြီးပျင်းခဲ့တာမို့ မရောက်ဖူးသည့်နန်းတော်နေရာဝန်းဆိုလို့ မရှိခဲ့လေ။

အခု ဒီ ဟူဘတ်စ်တီအိမ်တော်ကတော့ သူမ ပထမဦးဆုံးရောက်ဖူးတာဖြစ်သည်။ ဒါ့အပြင် တစ်ဦးထဲသော ကိုယ်ရံတော်အထိန်းတော်ဟာလည်း ကပွဲခန်းမထဲ မုန့်ယူရင်းကျန်နေခဲ့သည်။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကို ကြည့်ရင်း ယိုးလစ် အားပင်ငယ်လာချင်သည်။ တော်ရုံမကြောက်တတ်သောသူဖြစ်ပေမယ့်လည်း အခုလိုမရင်းနှီးသည့်နေရာမှာ တစ်ယောက်ထဲ လမ်းပျောက်နေခြင်းက စိုးထိတ်မှုအချို့ကိုဖြစ်စေသလိုပဲ။

"မိန်းကလေး ပါတီပွဲက အရှေ့ဘက်စွန်းစွန်းမှာခင်ဗျ။ ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ?"

ဘယ်သွားရမှန်းမသိသဖြင့် ယိုးလစ် ငိုမဲ့မဲ့ဖြစ်နေစဉ် အနေက်ဖက်ဆီကထွက်ပေါ်လာသော အသံတစ်သံ။ အရမ်းကိုနွေးထွေးလွန်းလို့ ဘယ်သူမှန်းမသိတာတောင် ယိုးလစ်ထိုလူ့ကိုပြေးဖက်ပြီး ငိုချင်မိသည်အထိ!

"ကျွန်…ကျွန်မ လမ်းပျောက်နေလို့"

ငိုမဲ့မဲ့နှင့် ယိုးလစ်လှည့်၍ဖြေလိုက်သည်။

Dream MakerDonde viven las historias. Descúbrelo ahora