Yolic Alilloy Arc.

1.2K 101 2
                                    

ဒီ story လေးကို စရေးဖို့တွေးထားခဲ့တာက ကြာခဲ့ပါပြီ။ ဇာတ်လမ်းပုံစံက အစထဲက စဉ်းစားပြီးဖြစ်ပေမယ့် ပြည့်စုံခြင်းမရှိသေးတာရယ်ကြောင့် Note အနေနဲ့ပဲ စာအုပ်မှာ ရေးမှတ်ထားခဲ့ပါတယ်။ Arc တစ်ခုစာအတွက်ရော ဇာတ်လမ်းတစ်ပုဒ်အတွက်နဲ့ပါ ပြည့်စုံလုံလောက်ပြီဟု ထင်မှသာ စာဖတ်သူတွေရှေ့ချပြတာပါ။

သိမလားတော့မသိပေမယ့် ဒီဇာတ်ကို စရေးဖို့ reference ယူမိတာက "အိမ်မက်သခင် မောင်ကြည်လင်" ဆိုတဲ့ မြန်မာကာတွန်းလေးပါ။ စာရေးသူတို့ ငယ်စဉ်က ဖုန်းတွေ Computer တွေကို အခုလို ပေါခြင်းသောခြင်းကိုင်လို့ရတဲ့ ခေတ်အချိန်အခါမဟုတ်သေးပါဘူး။ အခုလို wattpad လို app ပေါ်ကနေ စာဖတ်ဖို့ကတော့ ပိုဝေးတာပေါ့နော်။

စာရေးသူဟာ ငယ်စဉ်ကတည်းက မေမေ့ကျေးဇူးကြောင့် စာဖတ်ဝါသနာအင်မတန်ကြီးခဲ့ပါတယ်။ ရုပ်ပြစာအုပ်တွေလည်းဖတ်သလို မေမေဖတ်တဲ့ ဝတ္ထုတွေလည်း ကလေးအရွယ်နဲ့ဖတ်ခဲ့ပါတယ်။ ကလေးပီအကြိုက်ဆုံးစာအုပ်ကတော့ ရုပ်ပြကာတွန်းတွေပါပဲ။ အဲ့အထဲမှာ "အိပ်မက်သခင်မောင်ကြည်လင်" ဆိုတဲ့ရုပ်ပြလေးက တစ်ခုအပါအဝင်ပေါ့။

ကလေးတစ်ယောက်အနေနဲ့တော့ သူ့ဇာတ်အိမ်ဟာ နားလည်ဖို့ခက်ခဲတာရယ်ကြောင့် နာမည်ကြီးရုပ်ပြတွေမှာမပါခဲ့ပါဘူး။ ရုပ်ပြစာအုပ်ဟာလည်း ၄၊ ၅၊ ၆ အုပ်လောက်ပဲ ထွက်ဖြစ်ခဲ့တယ်ထင်ပါတယ်။(စာရေးသူ သေချာမသိပါ။ ဖတ်ဖူးခဲ့သမျှတော့ ၁၀ အုပ်ပင်မပြည့်ကြောင်းမှတ်မိပါသည်)

ဇာတ်လမ်းအကျဉ်းလေးအနည်းငယ်ပြောပြချင်ပါသည်။
မောင်ကြည်လင်ဆိုတာ ၆နှစ် ၇နှစ် ဝန်းကျင်သာရှိသော ကလေးတစ်ယောက်ဖြစ်ပါတယ်။ သို့သော် သူ့မှာတစ်ခြားကလေးတွေမက တစ်ခြားလူတွေနဲ့မတူသည့် သဘာဝလွန်အစွမ်းတစ်ခုပါရှိခြင်းပင်။ မောင်ကြည်လင်ဟာ အိပ်မက်တွေကို ထိန်းချုပ်နိုင်သည်။ လက်ညိုးကို ပါးစပ်မှာငုံပြီး ထိုလက်ညိုးဖြင့် တစ်ဖက်လူမျက်လုံးကို စက်ဝိုင်းသဏ္ဍန်ဝိုင်းပတ်လိုက်ကာ အိပ်မက်ကိုဖန်တီးပေးနိုင်သည် ထိန်းချုပ်ပေးနိုင်သည်။

နောက်တစ်နည်းအားဖြင့် တစ်ခြားကမ္ဘာတစ်ခုကို သွားဖို့ ဝင်ရောပ်ဖို့ တံခါးဖွင့်ပေးနိုင်သည်။ သူ့အကြောင်းသိသော သူငယ်ချင်းများက သူ့ကို အိပ်မက်သခင် မောင်ကြည်လင် ဟု အမည်ပေးခေါ်ဝေါ်ကြသည်။

ထိုဇာတ်လမ်းကို အခြေခံကာ Dream Maker လေးကို ရေးဖြစ်ခဲ့သည်။ မူလဇာတ်ကြောကို reference ယူထားသည့်အတွက် တစ်ချို့အရာတွေကို တမင် တူညီအောင်ရေးထာမှန်း ဝန်ခံပါသည်။(အိမ်မက်ခေါ်သည့်နည်းတို့ တစ်ခြာကမ္ဘာဖွင့်စေခြင်းတို့) ဤသို့ပြန်ရေးရခြင်းမှာလည်း ဖတ်ဖူးခဲ့သူရှိသော် ဒီ Dream Maker လေးကိုပြန်ဖတ်ပြီး မေ့ပျောက်နေစေသော ငယ်ဘဝအမှတ်တရတစ်ချို့ ပြန်သတိရလာစေရန် ရည်ရွယ်ပါသည်။

မူလဇာတ်ကြောမှ အခြေခံအချက်တွေသာယူပြီး ဇာတ်ကြောင်းကိုတော့ မတူညီအောင် ရေးမည်ဖြစ်သောကြောင့် ဆက်လက်ဖတ်ရှုအားပေးကြပါရန် မေတ္တာရပ်ခံပါသည်။

@2Baby_Bunny2
16/01/2019
3:52 pm

for unicode readers





Dream MakerWhere stories live. Discover now