Arc(1.16)- Yolic Alilloy{Uni}

1.1K 76 29
                                    

Dream Maker
Arc(1)- Yolic Alilloy Arc
Title - My Queen wanted to go away!
သူ၏မိဖုရားက ထွက်ပြေးချင်နေတယ်တဲ့လား?

ဒီလိုနဲ့ ရက်အချို့ကြာသွားခဲ့ပြီ။ ယိုးလစ်ရဲ့ နေ့ရက်တွေတိုင်းကတော့ မနက်ဆို စောစောထ ကုန်သည်အစည်းအရုံးခေါင်းဆောင် ရမ်အဖြစ်နဲ့ ဇာတ်လိုက်နဲ့အတူ ညီလာခံတတ်၊ နေ့လည်ဆို ဧကရီယိုးလစ်ဇိုဝီအဖြစ်နဲ့ နေ့ခင်းလက်ဖက်ရည်သောက်ခြင်း၊ ညနေစာစားခြင်းနှင့် ဧကရီတစ်ပါး၏ အခြားသော လူလုံးထွက်ပြစရာလိုသည့်အလုပ်တွေကိုလုပ်၊ ညမှောင်ရီပျိုးချိန်ဆိုလျှင်တော့ တစ်ဖန် ရမ်အဖြစ်ရုပ်ပြန်ဖျက်ကာ ဇာတ်လိုက်ရဲ့ အမှောင်ထဲကလက်တစ်စုံ လုပ်ခြင်းဖြင့် ကျင်လည်နေခဲ့သည်။

အခုဆိုယိုးလစ်က ညီလာခံထဲတွင်လည်း ခုံတစ်နေရာစာ ရလာခဲ့​ြပီ။ မရလို့လည်းမဖြစ်။ ညီလာခံလာတတ်တိုင်း နေစရာမရှိသည့် ယိုးလစ်ဟာ ထုံးစံအတိုင်း ဇာတ်လိုက်နောက်တစ်ကောက်ကောက်လိုက်ပြီး ပုလ္လင်ဘေးနားမတ်တပ်ရပ်တတ်သောကြောင့်။ ထိုမျှသာမကသေး သူပျင်းလာလျှင် ဇာတ်လိုက်တစ်ဖြစ်လဲ ဧကရာဇ်ရဲ့ ပုလ္လင်လက်ရန်းပေါ် တင်ပါးတစ်ခြမ်းလွှဲထိုင်ပြီး ကျောမှီငိုက်တတ်သေးတာ။

ပထမဆုံးအကြိမ်ထိုသို့မြင်လိုက်ရတုန်းကဆိုလျှင် အမတ်တွေအကုန်လုံး ထိုကောင်လေးကို သေပြီတောင်တွေးကြတာရယ်။ ဘယ်လောက်ပဲ ဧကရာဇ်ကအရေးပေးတယ်ဆိုပါစေဦး ဧကရာဇ်ရဲ့ရာဇပုလ္လင်ပေါ် မရိုမသေတင်ပါးလွှဲထိုင်လိုက်တာလေ။ တစ်ခြားနေရာတောင်မဟုတ် ဧကရာဇ်လက်တင်ရာ လက်ရန်းကိုတဲ့လေ။

ကောင်လေးရမ်အတွက် စိတ်ထဲဖယောင်းတိုင်ထွန်းပေးနေလိုက်ကြပါသော်ငြား သူတို့၏ ဧကရာဇ်မှာတော့ မျက်မှောင်တစ်ချက်ကြုံ့ရုံသာ ကြုံ့ပြီး ဘာအမိန့်မှမပေး။ ထို့အပြင် ထိုကောင်ငယ်လေးထိုင်ဖို့ ခုံနေရာတစ်ခု စီစဉ်ပေးဖို့တောင် မိန့်လိုက်သေးသည်လေ။

ဒါ...ဒါ...အေးစက်ပြီး ရက်စက်တတ်တဲ့ ငါတို့ဘုရင်မှ ဟုတ်ရဲ့လား?
လူစားထိုးခံရတာမဟုတ်ဘူး မလား?

အမှန်ပြောရရင် ယိုးလစ်က​ေတာ့ အခုခုံနေရာကိုမကြိုက်။ ညီလာခံအစည်းအဝေး စားပွဲဝိုင်းရှည်ကြီးရဲ့ ထိပ်တည့်တည့်မှာ သူမနေရာရှိနေတော့။ စစ်သူရဲကောင်းတွေနဲ့ အမတ်တွေနှစ်ဖက်စလုံးရဲ့ ငြင်းခုန်မှုတွေကိုအတိုင်းသား မြင်ရကြားရနေတာ တကယ်စိတ်ရှုတ်ဖို့ကောင်းလွန်းသည်။

Dream Makerحيث تعيش القصص. اكتشف الآن