Arc(1.6)- Yolic Alilloy

1.1K 145 2
                                    

ထိုင်ခုံပေါ် ခြေတစ်ဖက်တင် ဒူးထောင်ထိုင်ရင်း ထိုဒူးပေါ်လက်တစ်ဖက်တင်ကာ ဇိမ်ကျကျပင် လက်ဖက်ရည်ကြမ်းသောက်နေသော ကောင်လေးတစ်ယောက်!

အသက် ၂၀ ဝန်းကျင်ခန့်ရှိမည့်မျက်နှာလေးက ယောက်ျားလေးနဲ့ မတူပါဘဲ မိန်းမချောချောမောနေလေတော့၊ ခပ်လတ်လတ်နှင့် ကြမ်းရှရှအသားအရည်သာ မရှိပါဘူးဆိုလျှင် သေချာပေါက် ယောက်ျားလေးလိုဝတ်ဆင်ထားသည့် မိန်းကလေးဟုသာ ထင်မိမှာပင်။

တကယ်လည်းထိုသူသည်ကတော့ ယောက်ျားလေးအစစ်မဟုတ်ပေ။ တစ်နည်းဆိုလျှင် ယောက်ျားလေးပုံစံ ရုပ်ဖျက်ထားသည့် ယိုးလစ်ပင်ဖြစ်ချေတမို့!

ခေတ်သစ်ကလာသူပီပီ စာများများလည်းဖတ်သူမို့ ယိုးလစ်အတွက် ရုပ်ဖျက်ခြင်းဆိုင်ရာပညာရပ်က သိပ်မခက်လေ။ ၃လက်မအထူရှိသော ပိတ်ဖိနပ်က ယိုးလစ်ကို သာမာန်ယောက်ျားလေးတစ်ယောက်အရပ်ဖြစ်စေပြီး ဆေးရွတ်တစ်ချို့နှင့် ရေစိမ်ထားခြင်းက အဝါရောင်သမ်းသော ကြမ်းရှရှအသားအရည်ကို ဖြစ်စေသည်။ ယခုခေတ်၏ မိတ်ကပ်ပညာနှင့် ပါးရိုးချတန်ချ၊ နှာရိုးဖော်တန်ဖော် မျက်ခုံးမွှေးထူထူဆွဲလိုက်တော့ ယောက်ျားလေးတစ်ယောက်ရဲ့ မျက်နှာပေါက်ပုံစံကို အသာလေး ဖော်ထုတ်နိုင်သွားသည်။

အခုနေ ယိုးလစ်ကို ရင်းနှီးတဲ့သူမြင်လျှင်တောင်မှ ယိုးလစ်ဟုမထင်ဘဲ ခပ်ဆင်ဆင်တူသည့် ကောင်လေးအနေဖြင့်သာ ထင်သွားပေလိမ့်မည်။

ယိုးလစ်အခုရောက်နေသည့်နေရာကား ဘတ်တစ်စ် မြို့တော်ရဲ့ မထင်မရှားစားသောက်ဆိုင်လေးတစ်ခုပင်။ အတိအကျဆိုရလျှင် ဒုတိယဇာတ်လိုက်တစ်ယောက် တစ်ပတ်တစ်ခါ ဇာတ်လိုက်မဆီမှ ခိုးထွက်ကာ သူ့ကုန်သည်အဖွဲ့နှင့် တိတ်တဆိတ်ပြန်တွေ့သည့် နေရာဖြစ်၏။ ယိုးလစ်ကြိုတင် ရရှိထားပါသည့် မှတ်ဉာဏ်ဇာတ်ကြောင်းအရ ဒီနေ့ ဒုတိယဇာတ်လိုက် မြို့ပေါ်တတ်မည့်နေ့ဖြစ်သည်မို့ ကြိုတင်ကာ လာစောင့်နေခြင်းဖြစ်သည်လေ။

ယိုးလစ် သိပ်ကြာကြာမစောင့်လိုက်ရ။ ဆံပင်ရွှေအိုရောင် ဂုတ်ဝဲကို နောက်ကျောဘက်တွင် ဖဲပြားနီဖြင့် ခပ်ပြေပြေစီးထားပါသည့် ခပ်ချောချောယောက်ျားတစ်ယောက်သည် ယိုးလစ်ရှိသော ဆိုင်၏ ဒုတိယထပ်ကို တတ်လာလေသည်။ စာပေသမားပုံစံ အသားအရေဖြူဥဥနှင့် ဉာဏ်များပုံပေါ်သည့် ထိုသူကား နဖူးထက်တွင် 'ငါကဒီ ကမ္ဘာရဲ့ ဒုတိယဇာတ်လိုက်ပါ' ဟု စာတန်းရေးထားသယောင်!

Dream MakerWhere stories live. Discover now