Arc(1)- Queen Yolic Alilloy

1.8K 148 5
                                    

မှိတ်ထားသည့်မျက်လုံးတို့ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုက်နက် စူးရှသောအလင်းရောင်က ရုတ်ချည်းတိုးဝင်လာသည်။ အလင်းရောင်နှင့်အသားကျအောင် မျက်လုံးတို့ကို ခဏတာအနားပေးရင်း ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ကြည်လင်စွာမြင်ရသည့်အခိုက်အတန့် ရောက်ရှိနေသောနေရာကို ပိုမိုနားလည်အောင်လုပ်ဖို့ရာ သူ လှဲနေရာမှထထိုင်လိုက်တော့ မလှုပ်ရှားတာကြာတဲ့ ခန္ဓာကိုယ်က တောင့်တင်းလှစွာ အရိုးအကြောများက နာကျင်မှုအဟုန်ကို ဖြစ်စေသည်။

ကျယ်ဝန်းလှသည့် အခန်းထဲ ၁၈ ရာစုက European အထက်တန်းစားတော်ဝင်အိမ်အခန်းပုံစံ ပြင်ဆင်ထားသည်။ သူမ မှီထိုင်နေရာ နှစ်ယောက်မကအိပ်လို့ရသည့် King Size-bed ကြီးကို ရွှေညိုရောင်နှင့် ရွှေဝါရောင် ရောစပ်ကာ ချုပ်လုပ်ထားသည့် ကတ္တီပါစဖြင့် ခင်းကျင်းပြင်ဆင်ထားသည်မှာ မည်မျှအထက်တန်းကျကြောင်း ပေါ်လွင်နေပေသည်။ အခန်းတွင်း မည်သူမှမရှိသည်ကို သေချာအောင် စစ်ဆေးလိုက်ရင်း မျက်လုံးတို့ကိုမှတ်ကာ... ဇာတ်ကြောင်းအား လက်ခံလိုက်သည်။

ဒီဇာတ်လမ်းကား 18 ရာစုရှိ European နိုင်ငံတစ်ခုဖြစ်သည့် L နိုင်ငံတွင် အခြေတည်ခဲ့သည်။ နိုင်ငံ၏ လက်ရှိအုပ်ချုပ်သူမှာ Lucaus Zoey Junior Willion(II) ဖြစ်ပြီး ဒီကမ္ဘာ၏ ဇာတ်လိုက်မင်းသားလည်းဖြစ်သည်။ လှပတဲ့ အပြာရောင်မျက်လုံးတွေရှိပြီး ဉာဏ်ရည်ထက်မြတ်ကာ လက်ရုံးရည်နှင့်လည်းပြည့်စုံသောမင်းတစ်ပါးဖြစ်သည်ဟု ကျော်ကြားသည်။ သူဟာ အသက် ၁၅ နှစ်ထဲက နန်းတတ်ခဲ့တာဖြစ်ပြီး L နိုင်ငံ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနှင့်နန်းတတ်ခဲ့သောဘုရင်လည်းဖြစ်သည်။

အသက်ငယ်သော်လည်း ထိုဘုရင်ငယ်လေး၏ စွမ်းဆောင်မှုမှာ မင်းသက် ၃နှစ်(အုပ်ချုပ်မှုသတ်တမ်း) သူ့အသက် ၁၈နှစ်ပြည့်သည့်နှစ်မှာပင် Lနိုင်ငံသည် အင်အားကြီးအင်ပါယာနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

သူ လက်ရှိဝင်စားအစိုးရထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်နာမည်ကား Yolic Alilloy။ တစ်နည်းအားဖြင့် Yolic သည် လက်ရှိမျက်မှောက်ခေတ်တွင် အိမ်မက်ဆိုးမက်နေသည့် ကောင်မလေးရဲ့ အတိတ်ဘဝပင်ဖြစ်သည်လေ။

Dream MakerWhere stories live. Discover now