Unicode & Zawgyi
(Unicode)
"နောက်ဆုံး တော့ ပြဿနာ တစ်ခု ပြေလည်သွားပြီ..."
ဝမ်ရိပေါ် ဘာသာ တီတိုး ရေရွတ်မိသည်။
"ဟေးယွဲ့....မင်း အခု ငါ့ကို ရှင်းပြ...
ဟေး...မင်းဘာဖြစ်တာလဲ...."
ဝမ်ရိပေါ် ရုတ်တရက် ပြိုလဲကျသွားသည့်
လူကြောင့် သူပြောမည့် စကားတို့ပင် ပြတ်တောက်သွားရသည်။
ဝမ်ရိပေါ် ဟေးယွဲ့ကို အမြန်ထိန်းယူ ပွေ့လိုက်ရသည်။
"မင်းပြောတော့ ပြဿနာ မရှိဘူးဆို...အန္တရာယ်မများဘူးဆို... အခု ဘယ်လို ဖြစ်တာလဲ...."
"ငတုံး...."
"မင်း...."
"ဟိုက နတ်ဆိုး... သာမာန်စွမ်းအားလောက်နဲ့ လောင်ကျွမ်း အောင်လုပ်လို့ရမယ် ထင်လား...."
"ငါ..."
......
.....စက္ကန့်အနည်းငယ်မျှ နှစ်ဦးကြား ငြိမ်ကျသွားခဲ့သည်။
ဟေးယွဲ့ ၏ ခန္ဓာကိုယ် က တဖြည်းဖြည်း အလင်းမှုန်ကဲ့သို့ ဖြစ်တည်လာခဲ့သည်။
"ဟေးယွဲ့.... မင်းကိုယ်မင်း ဘာလုပ်လိုက်
တာလဲ.... "
ဝမ်ရိပေါ် စိတ်ထဲ၌ တင်းကြပ်မှုနဲ့ အတူ အပြစ်တင်ဆဲရေးချင်သော်လည်း သူ့မှာ
အခွင့်မရှိသည့်အလား ခံစားလိုက်ရသည်။
"......."
"ဟေးယွဲ့..."
"ငါ စွမ်းအင်နှိုးထလိုက်တာ...."
"စွမ်းအင်နှိုးထလိုက်တာ ဆိုရင် အစွမ်းကြီးလာရမှာ... အခု ဟာက..."
"မပြည့်စုံလို့... ငါ့မှာ ရှိနေတဲ့ ဝိဉာဥ် က
မပြည့်စုံဘူး....ဒါကြောင့် အကျိုးဆက်ကို ခံစားရတာ..."
"နည်းလမ်းမရှိတော့ဘူးလား..."
"ရှိတယ်....ဒါပေမဲ့ မင်းလုပ်ချင်မှာ မဟုတ်ဘူး..."
"မပြောရသေးဘဲ ငါလုပ်ချင် မလုပ်ချင်
မင်းဘယ်လို သိလဲ...."
"မင်း မလုပ်နိုင်ပါဘူး...."
ဝမ်ရိပေါ် ဟေးယွဲ့ရဲ့ အထင်အမြင်သေးမှု ကြောင့် စိတ်တိုတိုနဲ့ ဟေးယွဲ့ ခန္ဓာကိုယ် ကို သူ့လက်ပေါ်ကနေ လွှတ်ချလိုက်လေသည်။
STAI LEGGENDO
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
