Unicode & Zawgyi
(Unicode)
ရှောင်းကျန့် မိမိကို ဖေးမလာသည့် လက်ပိုင်ရှင်ကို ကြည့်လိုက်မိသည်။
အားနည်းကာ ဖြူဖျော့နေသည့် မျက်နှာလေးထက်၌ ငိုချင်နေသည့် စိတ်ကို ထိန်းကာ
ထားသည့် ရှုံမဲ့နေသည့် မျက်နှာလေးကို
တွေ့လိုက်ရသည်။
ခဏအကြာ ရှုံ့မဲ့နေသည့် မျက်နှာလေးက မျက်ရည်တို့ ဒလဟော စီးကျလာကာ
ရှောင်းကျန့်ကို ဖက်တွယ်လာပါ၏။
"သခင်....သခင်...အားကျိ သခင်ကို သတိရနေခဲ့တာ...အားကျိ...အားကျိ လေ...သခင့်ကို အရမ်း သတိရနေခဲ့တာ.... "
ရှောင်းကျန့် ...ထိုကလေးပေါက်စ အားကျိ ကို အလိုက်သင့်လေး ပြန်လည် ထွေးပွေ့လိုက်ပါ၏။
ရှောင်းကျန့် ရင်ခွင်အတွင်းက ကိုယ်လေးက တုန်နေကာ တစ်ချက်တစ်ချက် ရှိုက်သံလေး ထွက်လာ၏။
"အားကျိ အရမ်းကြောက်နေခဲ့တာ..."
မပီမသ ဝိုးတဝါး အသံလေးကလည်း ကပ်ငြိပါလာခဲ့ပါ၏။
ရှောင်းကျန့် အားကျိ ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ပြီး...
"ငါ တောင်းပန်ပါတယ်.... မင်းကို အရင် လိုက်မရှာခဲ့နိုင်လို့..."
တုန်နေတဲ့ ကိုယ်လေးက ရုန်းထွက်လာပြီး
"ဒါပေမဲ့ အခု ရှာတွေ့ပြီလေ..."
ရယ်ကျဲကျဲ လေး ဆိုလာခဲ့၏။ သခင်ဖြစ်သူနဲ့ ပြန်တွေ့ရသည့်အတွက် အလွန်တရာ ပျော်နေသည် ထင်၏။
"ဒါနဲ့... ငါ့ကို ဘယ်လို ရှာတွေ့တာလဲ..."
"အားကျိ အိပ်ပျော်နေခဲ့တာ ကြာပြီ....
အားကျိ နိုးလာတော့ ဒီနေရာမှာ ရှိနေခဲ့တာ... အားကျိ လည်း ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း သခင့်ရဲ့ ဆက်နွှယ်မှုကို ခံစားမိလိုက်လို့ လိုက်ရှာတော့ သခင်က ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေတာ...."
အားကျိ ခဏတာ ရပ်လိုက်ပြီးမှ ဆက်ဆို၏။
"သခင့်ကို ပုံရိပ်ယောင်ထဲက ဆွဲထုတ်ခဲ့တာ...ဒါပေမဲ့ သခင့်မှာ...သခင့်မှာ..."
အားကျိကား ပြောနေရင်း နှုတ်ဆိတ်သွားကာ ခေါင်းငုံ့သွား၏။
ВЫ ЧИТАЕТЕ
The Same L💗VE (completed )
Фанфикшнနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
