Unicode & Zawgyi
(Unicode)
"ချင်းဖန် တစ်ခုခု ဖြစ်လို့လား...."
ရှောင်းကျန့် မူချင်းဖန် ထံမှ ထူးဆန်းမှုကို ခံစားမိသောကြောင့် စကားစလိုက်သည်....
"ဘာမှ မဖြစ်ပါဘူး....အကိုလေး...."
မူချင်းဖန် ပါးစပ်ကသာ ဘာမှ မဖြစ်ပါဘူး ဟုပြောလိုက်ရသော်လည်း စိတ်ကတော့ အနည်းငယ် ဘဝင်မကျ....
တစ်ခုခုကို တွေးဆဆ ဆက်ဖြစ်နေသည်...
ရှောင်းကျန့်သည်ကား တုံးအသည့်
လူတစ်ယောက် မဟုတ်ပေ....
ကျိန်းသေ ပေါက် ပြဿနာ တစ်ခုခု ရှိနေသည်ဆိုတာ သူသိသည်...
"ချင်းဖန်.... ပြောစရာ တစ်ခုခု ရှိရင် ပြောပါ့လား...မြိုသိပ်မထားပဲ....."
ရှောင်းကျန့် မူချင်းဖန် ကို ပြောလိုက်သည်....
"ဟို....ဟိုလေ....ကျွန်တော် ဒီလိုမျိုး မေးလို့ တစ်မျိုးတော့ မထင်ပါနဲ့.....အကိုလေးနဲ့ ဒီကလေးက ဘယ်လို ပတ်သက်...နေတာလဲ...."
"မင်းက ငါတို့နှစ်ယောက်ကို ဘယ်လို ထင်လို့လဲ...."
ရှောင်းကျန့်... မူချင်းဖန် ၏ မေးခွန်း ကို မဖြေဘဲ
ပြန်ပြီးမေးလိုက်သည်.....
"ကျွန်တော် ထင်တာကိုလား.....!"
"အင်း...."
"အကိုလေးတို့က သာမန်ထက် ရင်းနှီးမှု ပိုနေတော့လေ....ပြီးတော့ ဘာပဲဖြစ်ဖြစ် အကိုလေးအနေနဲ့ အနေအထိုင်ဆင်ခြင်သင့်တယ်....
ဝမ်ရိပေါ် နဲ့ အကိုလေးက သာမန်ထက်ပိုတဲ့ ဆက်ဆံရေးမလား....ဒီတော့ ဒီကလေးနဲ့ ဒီလိုမျိုး မနေသင့်ဘူး ထင်တယ်..."
မူချင်းဖန် ၏ စကားတို့က နှိမ့်ချစွာနဲ့ စကားဆိုနေဟန် ထင်ရသော်လည်း မျက်နှာအမူအယာကမူ ပြောနေသည့် စကားတို့နဲ့ လားလားမျှ မအပ်စပ်...
မျက်ဝန်းတို့က စူးရှ လင်းလက်ကာ အနည်းငယ်ပင် ခြိမ်းခြောက်နေသည့်ဟန်....
ရှောင်းကျန့် မူချင်းဖန်၏ အကြည့်တို့ကို သိပ်မကြိုက်ပေ.....
"ငါနဲ့ ဒီကလေး ဘယ်လို ပတ်သက်လဲ ရိပေါ် သိတယ်....ချင်းဖန် မင်း စိုးရိမ်ဖို့ မလိုဘူး....ပြီးတော့ အားကျိက ငါ့အတွက် ချင်းရှုလို လူမျိုးပဲ...."
YOU ARE READING
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
