part1

17.5K 570 11
                                        

Unicode &Zawgyi

(Zawgyi )

ကောင်းကင်ယံထက်တွင် နတ်မျိုးနွယ် နှင့် မိစ္ဆာ မျိုးနွယ်တို့ တိုက်ခိုက် နေကြသည်....

နတ်စစ်သည်အားလုံး၏ ရှေ့တွင် ခန့်ငြားစွာ ရပ်တည်လျက်ရှိသည်မှာ ပိုင်ဟူ နတ်ဘုရား ပင်....

ထိုတိုက်ပွဲ၏ အဓိက အကြောင်းရင်းခံမှာ နတ်ဘုရားမျက်ရည်စက်ကြောင့် ဖြစ်သည်... ထာဝရ ရှင်သန်သူတို့ နေထိုင်ရာ ဘုံမှ နတ်နဂါး ရေကန်ကို အမှီပြု၍ ထွက်ပေါ် လာသော  သလင်းကျောက်လို ကြည်လင်ပြီး မျက်ရည်စက် ပုံသဏ္ဍာန်ရှိသည့် ထိုနတ်ဘုရား မျက်ရည်စက်က အစပြုခဲ့ခြင်းဖြစ်သည်...

ထိုနတ်ဘုရား မျက်ရည်စက်မှာ ဖော်ပြ၍ မရနိုင်လောက်အောင် စွမ်းအားကြီးမားသည်.....
မိစ္ဆာ မျိုးနွယ်စုကို အကြီးမားဆုံး သက်ရောက်နိုင်စွမ်းရှိသည့် အရာတစ်ခု ဖြစ်သည်...

ထို့ကြောင့် မိစ္ဆာမျိုးနွယ်စုအနေနှင့် နတ်ဘုရား မျက်ရည်စက်က သူ၏ လက်ခံသူ အရှင်သခင်ကို ရှာမတွေ့ခင် ရှင်းလင်းဖို့ လိုအပ်လာသည်...

နဂိုကတည်းက နတ်မျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စု မှာ မတည့်ပေ...ယခု
ထိုနတ်ဘုရား မျက်ရည်စက် ကြောင့် စစ်ပွဲအထိ ဖြစ်တည်လာရသည်....

မိစ္ဆာ မျိုးနွယ်စု သည်ကား လှည့်ဖျားခြင်းအတတ်ကို သုံးစွဲခြင်းကြောင့် အသာစီးရနေကာ နတ်မျိုးနွယ် ဘက်မှ ဆုံရှုံးမှုမှာ ကြီးမားသည်...

ပိုင်ဟူမှာ နောက်ဆုံး သူ၏ စိတ်စွမ်းအင်ကို သုံးလျှက် မိစ္ဆာ ဘုရင် ဟောက်ကျန့်ကို ပိတ်လှောင်ခဲ့ရသည်...သို့ သော် ထိုအရာသည်ကား ယာယီပိတ်လှောင်နိုင်ခဲ့ခြင်းသာ....

ပိုင်ဟူမှာ  သူ၏ နတ်ဘုရား သွေးစက်နှင့် နတ်ဘုရားမျက်ရည်စက်ကို ပေါင်းစပ်စေပြီး ထိုနတ်ဘုရားမျက်ရည်စက်၏ သခင်ကို ရှာဖွေစေရန် နတ်ဘုရားမျက်ရည်စက်ကို လူ့ပြည်ကို ပို့ဆောင်ခဲ့သည်.....

ထိုအရာသည်ကား သူ နတ်သက်မကြွေခင် ပြုလုပ်ခဲ့သည့် နောက်ဆုံး အရာပင်....

နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက်...

ကောင်းကင်တိုင်းပြည် ၏ မက်မွန်ပန်းဥယျာဉ်ထဲတွင်....

The Same L💗VE (completed )Where stories live. Discover now