part 62

1.2K 126 4
                                        

Unicode & Zawgyi

(Unicode)

မှေးမှိန်မှိန် အလင်းရောင် အောက်မှာ
ဝမ်ရိပေါ် ဦးတည်ရာမဲ့ လျှောက်သွားနေမိသည်။

ရုတ်တရက် သူ့ခန္ဓာကိုယ် က ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး အမြင့်တစ်နေရာကနေ ပြုတ်ကျနေသည့် အလား ခံစားလိုက်ရပြီးနောက် သူ့ကိုယ်သူ အလင်းမှုန် အလင်းစက်အဖြစ် ပြောင်းလဲသွားသည့်အလား ထင်မှတ်ခံစားလိုက်ရသည်။

သန့်စင်တဲ့ ရွှေရောင်အလင်းတို့ ဝန်းရံနေ
သည့် အလင်းစက်ကလေး က ကောင်းကင်ကနေ အရှိန်ပြင်းစွာ ကျဆင်းနေရင်း နတ်ဆိုး အငွေ့အသက်တို့ ပြင်းထန်နေသည့် လျှပ်စီးရဲ့ ရိုက်ခတ်တားဆီးခြင်းကို ခံလိုက်ရသည်။

နတ်ဆိုး လျှပ်စီး၏ သက်ရောက်မှုကြောင့်
သန့်စင်တဲ့ ရွှေရောင်အလင်းကနေ နတ်ဆိုးအငွေ့အသက်တွေ လျှံကျလာခဲ့သည်။

သန့်စင်တဲ့ ရွှေရောင်အလင်းနဲ့ နတ်ဆိုးအငွေ့အသက်  အချင်းချင်း တွန်းလှန် တိုက်ခိုက်နေကြသည်။

အလင်းစက်လေးက အောက်ကိုလည်း
ဆက်မကျလာသလို ပျောက်ကွယ်သွား
သည်လည်းမဟုတ်  အလယ်၌ ရပ်တန့်နေသည်။

တဖြည်းဖြည်း နတ်ဆိုးအငွေ့အသက်က သန့်စင်တဲ့ရွှေရောင်အလင်းရဲ့ သန့်စင်ခြင်းကို ခံနေရသည်။

သန့်စင်တဲ့ ရွှေရောင်အလင်းတို့က အလင်းစက်လေးရဲ့ သုံးပုံနှစ်ပုံကို ပြန်လည်လွှမ်းခြုံသွားပြီး နတ်ဆိုးလျှပ်စီးတို့က အားဖျော့လာသည်။

အားဖျော့လာသည့် နတ်ဆိုးလျှပ်စီးတို့က ရုတ်တရက် ဖြိုးဖြိုးဖျစ်ဖျစ် မည်လျှက် ပြန်လည် အားကောင်းလာကာ ပြင်းထန်
သည့်တွန်းကန်မှုကြောင့် အလင်းစက်လေးက နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။

တစ်ပိုင်းမှာလုံးဝ ရွှေရောင်အလင်းတို့ဖြင့်
သန့်စင်နေပြီး အခြားတစ်ပိုင်း မှာ နတ်ဆိုး လျှပ်စီးနဲ့ ရွှေရောင် အလင်းတို့
ရောပြွှမ်းနေခဲ့သည်။

ထိုအလင်းစက်လေးက နှစ်ပိုင်း ကွဲထွက်သွားပြီးသည်နှင့် အချင်းချင်း တွန်းကန် တိုက်ခိုက်နေမှုလည်း ရပ်တန့်ကာ သူ့ရဲ့ နဂိုအရှိန်အတိုင်း အောက်သို့ ဆက်လက် ဆင်းသက်သွားသည်။

The Same L💗VE (completed )Donde viven las historias. Descúbrelo ahora