part 77

1K 116 6
                                    

Unicode & Zawgyi

(Unicode)

"ဘာတွေ ဖြစ်နေတာလဲ.... ငလျင်လှုပ်နေတာလား....ကောင်းကင်ကရော ဘာတွေ ဖြစ်နေတာလဲ... "

"လောကကြီး ဘာတွေ ဖြစ်ကုန်တာလဲ... "

"မြန်မြန်.... လာ..."

"အစိုးရကရော ဘာတွေ လုပ်နေတာလဲ...
ဒီအခြေအနေတွေ ဖြစ်လာအောင် ဘယ်လိုတောင် နမော်နမဲ့ နိုင်တာလဲ"

​လမ်းမထက်၌ ရွေ့လျားသွားလာနေသူ အပေါင်းတို့မှာ ပြောင်းလဲသွားသည့် ပတ်ဝန်းကျင် အခြေအနေကို မတင်မကျ
ဖြစ်နေ၏။

မြေပြင်ကို အားပြုကာ ဝမ်ရိပေါ် ထလိုက်ပါ၏။

နှုတ်ခမ်းထက်က အပြုံး မမည်သည့် အပြုံးလေးက ခိုတွဲလျှက် ။

ရှောင်းကျန့် ရောက်လာခိုက်တွင် နတ်ဆိုးစွမ်းအား ၏ အမဲလိုက်ခြင်း ခံနေရသော
မူချင်းဖန်ကို တွေ့လိုက်ရသည်။

မနီးမဝေးတွင် မြေခွေးမိစ္ဆာ တစ်ကောင်က မြေပြင်ထက်၌ လဲလျောင်းနေသည်။

ရှောင်းကျန့် ယိုင်နဲ့ နေသည့် ဝမ်ရိပေါ် ကို ပြေးကာ ဖေးမကူလိုက်၏။

ဝမ်ရိပေါ် ​ခန္ဓာထက်၌ အသားအရောင်ကို ပြတ်ပြတ်သားသား ပင် မမြင်ရလောက်အောင် စုတ်ပြတ်ပေရေ နေလေသည်။
မျက်နှာပြင်၌ နွမ်းနယ်နေမှုက အထင်သား။
သို့သော်ငြား အားတင်းကာ ရှောင်းကျန့် ကို ပြုံးရယ်ပြလာပါ၏။

အားနည်းကာ ဖျော့တော့လှသည့် ထိုအပြုံးလေးက ရှောင်းကျန့်နှလုံးသားကို စူးအောင့်သွားစေခဲ့သည်။

ရှောင်းကျန့်အနေနဲ့ သူသာ ဝမ်ရိပေါ် ကို
ကာကွယ်ပေးနိုင်ခဲ့လျှင် ဤကဲ့သို့ ဖြစ်လာနိုင်ဖွယ် မရှိဟူသည့် အတွေးက ရှောင်းကျန့်
တစ်ခေါင်းလုံး ကို ကြီးစိုးနေခဲ့သည်။

ဝမ်ရိပေါ် ရှောင်းကျန့် ရင်ခွင်တွင်း အလိုက်
သင့် မှီခိုလိုက်ပြီး သူ့ရှေ့က မူချင်းဖန်ကို
ကြည့်လိုက်သည်။

ရှောင်းကျန့် မှာ မူချင်းဖန် ဤကဲ့သို့
ဖြစ်သွားရသည်အား နားမလည်။
ဤ အခြေအနေကို ကံကောင်းသည်လော ကံဆိုးသည်လော မည်သို့ ခွဲ ခြားရမည်နည်း။

The Same L💗VE (completed )Where stories live. Discover now