part 41

1.7K 187 10
                                        

Unicode & Zawgyi

(Unicode)

ဟေးယွဲ့ သူ့ကို ရှောင်းကျန့်က ထွက်သွားခိုင်း
လိမ့်မည်ဟု ထင်မထား....

ဟေးယွဲ့ အတန်ကြာ ရှောင်းကျန့် ကို စူးစိုက်
ကြည့်နေပြီးနောက် ကောင်းပြီ ဟုသာ ပြောပြီး စစ်မိသားစု အိမ်တော်က ထွက်လာခဲ့သည်။

"အဲ့ လူသားငတုံး အရူးကိုများ ဘာတွေ သဘောကျနေရတာလဲ.... ငါ့ကိုတောင် ထွက်သွားခိုင်းတယ်.... ကြည့်နေ နောက်တစ်ခါ ဒုက္ခရောက်ရင် လုံးဝ မကူညီဘူး...."

ဟေးယွဲ့ မကျေနပ်လည်း မကျေနပ်ချင်စရာပင်...
ဟေးယွဲ့အနေနှင့် ရှောင်းကျန့်ကို အကြိမ်ကြိမ် အခါခါ ကာကွယ်ပေးခဲ့သော်လည်း ဝမ်ရိပေါ် စိတ်အနှောင့်အယှက် ဖြစ်မှာ တစ်ခုတည်း အတွက်နဲ့တင် သူ့ကို ရှောင်းကျန့်က ထွက်သွားခိုင်းခဲ့သည် မဟုတ်ပါလား...

ဟေးယွဲ့ .....လျှောက်သွားနေသော်လည်း
သူ့ဦးတည်ရာကား အတည်တကျမရှိ.....

သူသည်ကား စိတ်ပျက်အားလျော့စွာ လျှောက်နေစဥ်တွင် နေရောင်ခြည်သည်လည်း တဖြည်းဖြည်း အနောက်အရပ်သို့ ချဥ်းကပ် ပျောက်ကွယ်သွားခဲ့လေပြီပင်။

"အာ....ဒီနေရာမှာ အပုပ်အပွတွေ ရှိနေတာပဲ....စိတ်ရှုပ်လိုက်တာ......"

ဟေးယွဲ့ ....အဆင့်နိမ့် တစ္ဆေပိစိလေးတွေရဲ့
အနံ့ကို ရပြီး မသတီသလို ရေရွတ် ပြောဆိုလိုက်သည် ။

ဟွေးယွဲ့ အခုရောက်နေသည့် နေရာကား
ကျန်းရင် အိမ်ယာ၏ အနောက်ဖက် အိမ်ဝန်းတစ်ခု အနားတွင်ပင်....

ဟေးယွဲ့ ထွက်သွားမည် လုပ်နေတုန်း စကားသံ တစ်ခုကြောင့် ရပ်တန့်သွားသည် ။

"ငါ့ဟာငါ BL ficဖတ်တာ နင့်အပူပါလား....တော်ပြီ..တော်ပြီ... ငါဖုန်းချတော့မယ် အမှုကိစ္စ မနက်မှ ပြောမယ်.....နင်တို့ရဲ့ ပြင်းပြတဲ့ နွေဦးအချိန်လေးကို မနှောင့်ယှက်တော့ဘူး.... ရိပေါ်....နင်သူ့ကို အိပ်ယာနွေးအောင် လုပ်ပေးလိုက်နော်....ပြီးတော့ နင်...."

ထိုအသံ က အိမ်ဝန်းထဲမှ ထွက်ပေါ်လာလေသည်။
တစ်ဖက်က ဖုန်းချသွားသည် ထင်သည်။
မကျေမနပ်နဲ့ ပြောဆိုနေသည့် အသံတို့ပါ
ဟေးယွဲ့ ကြားလိုက်ရသည်။

The Same L💗VE (completed )Where stories live. Discover now