part 81

1.2K 111 12
                                        

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ် နာကျင်မှု အနည်းငယ် ခံစားလာရပြီး သူ့ခန္ဓာကိုယ် ကို အနည်းငယ် လှုပ်ရှားလိုက်သည်။

အေးမြမြ ခံစားချက်နဲ့အတူ နွေးထွေးသည့် လေအချို့က သူ့ကို ရစ်ပတ် ထုပ်ပိုးထား
သည့်အလား ခံစားနေရသည်။

ခန္ဓာကိုယ် က တဖြည်းဖြည်း  သက်သောင့်သက်သာ ရှိလာသော်ငြား သူ၏ စိတ်ကတော့ တော်တော်လေး ကို ယိုယွင်း ပျက်စီးနေလေပြီ။ သူ ရှောင်းကျန့် ကို ကာကွယ်မှု မပေးနိုင်ခဲ့ပေ။

ရှောင်းကျန့် ဆိုသည့် အတွေးတစ်ချက်
ဝင်ရောက်လာသည်နှင့် ဝမ်ရိပေါ်
အထိတ်တလန့် ဖြစ်စွာနဲ့ အမှောင်ချထား
သည့် မျက်လုံးတို့ကို အလင်းထံ ဆွဲယူ လိုက်သည်။

သို့သော် ထို တစ်ခဏမှာပင် သူ အေးခဲ သွားလေသည်။

သူနှင့် စိမ်းသက်လှပြီး ရင်းနှီးကျွမ်းဝင်သယောင် ထင်ရသော နေရာတစ်ခုစီ သူ ရောက်နေသည်။

အလယ် ကျောက်စီလမ်းလေးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ မက်မွန်ပန်းပင်တွေက လှပစွာ သွယ်တန်း တည်ရှိနေကြသည်။

ဝမ်ရိပေါ် မသိလိုက်မိပါဘဲ ခြေလှမ်းတွေက သူ့ရှေ့ကျောက်စီလမ်းလေးပေါ် ကျရောက်သွားသည်။

သူ သူ့ရှေ့ကို ဖြေးညှင်းစွာ လျှောက်သွားမိသည်။

လျှောက်လမ်းလေး၏ အဆုံးတွင် မိုးမခပင်ရဲ့ နွယ်တွေဟာ ယိမ်းနွဲ့လို့ လှုပ်ရှားနေကြသည်။

သူ၏ စိတ်ညွှန်ရာ အတိုင်း ထို မိုးမခပင်လေးထံသို့ လက်လှမ်းမိလိုက်သည်။

ကျောက်စိမ်းရောင် ဖျော့ဖျော့ အလင်းတန်းတို့က သိမ်မွေ့စွာ ထွက်လာကြပြီး
ဝမ်ရိပေါ်၏ပါးပြင်ကို ပွတ်သပ်ချော့မြူနေသည်။

ဝမ်ရိပေါ် သူ၏ နှလုံးသား က နူးညံ့ စွာ
လှုပ်ခတ်သွားသည်။

ထိုအပင်လေးကို သူ မသိသော်လည်း
တစ်နည်းတဖုံ  သူ ရင်းနှီးနေသည်။

ယခင်ကတည်းက နက်နက်ရှိုင်းရှိုင်း ပတ်သက်မိဖူးတဲ့ ဆက်ဆံရေးလိုမျိုး ခံစားလိုက်ရသည်။

The Same L💗VE (completed )Where stories live. Discover now