part 7

3.3K 360 5
                                        

Unicode&Zawgyi

(Zawgyi )

"သတိရလာပြီလား.... ငါ မင်းကို စောင့်နေတာ...ရိပေါ်...."

ဝမ်ရိပေါ် သူ့နားစည်ကို ရိုက်ခတ်လာသည့် နူးညံ့ချိုသာလွန်းသော အသံကြောင့် ထိုအသံပိုင်ရှင်ကို မော့ကြည့်လိုက်သည်.....

ရှောင်းကျန့်မှာ ဝမ်ရိပေါ် ရှေ့တည့်တည့်က ခုံပေါ်တွင် ခြေ ချိတ်ကာထိုင်နေသည်.....

ဝမ်ရိပေါ် သူ့ရှေ့က အရင်နဲ့မတူ ချောမောနေသည့် သူကိုသေချာ ကြည့်နေမိသည်....

မိမိရှေ့က ထိုလူမှာ အရင်က သူနဲ့ မလိုက်ဖက်သည့် ပုံပန်းမကျသည့် အဝတ်အစားများကို ဝတ်ဆင်တတ်သည့် စာအုပ်ကြီး သမားဖြစ်သည်....အမြဲတမ်း အဖိုးကြီးပေါက်စလိုပင်...

ယခုတော့ အရင်က အဖိုးကြီး ပေါက်စလေးမှာ ဟိုအဝေးသို့ လွှင့်ပစ်ခံလိုက်ရပုံပေါ်သည်....

အဖြူ ရောင် ရှပ်ကို စတိုင်ပင်အနက် ဘောင်းဘီအရှည်နဲ့တွဲဝတ်ထားပြီး အပေါ်က အညိုရောင် long coatကို
ထပ်ကာ ဝတ်ဆင်ထားသည်....
နက်မှောင်သည့်ဆံပင်ကို အနောက်သို့ သပ်တင်ထားပြီး ချောမောသည့်မျက်နှာလေးကို ပို၍ဝင့်ကြွားစေသည်....

နှုတ်ခမ်းနားက မှည့်လေးက တစ်စုံတစ်ယောက်ကို ဖမ်းစားနေသလို.....

တဖန် ခြေ ချိတ်၍ ထိုင်နေသည်က သူ၏ ကိုယ်ဟန်ကိုပို၍ ကြွရွနေအောင် ထောက်ပံ့ ပေးနေသယောင်....ရှည်လျားသည့် ခြေတံသွယ်သွယ်တို့က ယနေ့မှ ပို၍ ထင်ရှားနေသကဲ့သို့ ပင်....

ဝမ်ရိပေါ် ...ရှောင်းကျန့် ကို မျက်တောင်မခတ်တမ်း ခြေဆုံးခေါင်းဆုံး ထက်အောက် စုန်ဆန်ချည်လျှက် သေချာကြည့်နေသည်.....

ရှောင်းကျန့် မှာ ဝမ်ရိပေါ် မနိုးခင်ကတည်းက လူသားကမ္ဘာ၏ အလေ့အထကို ဝမ်ရိပေါ်၏ မှတ်ဉာဏ်မှတစ်ဆင့် လေ့လာသိရှိခဲ့သည်.....

ထိုအတွက်ကြောင့် ရှောင်းကျန့် အနေဖြင့် လူသားကမ္ဘာ တွင် ဆက်လက်ရပ်တည်လို့လွယ်အောင် ၂၁ရာစု၏ အဝတ်အစားအပြင်အဆင်အတိုင်းပြင်ဆင်ပြောင်းလဲလိုက်သည်.....

သို့သော် ရှောင်းကျန့်မှာ သတိရလာချိန်တွင် မိမိကို သေချာစူးစိုက်ကြည့်နေသော ဝမ်ရိပေါ်ကြောင့် အနေရကြပ်လာသည်....

The Same L💗VE (completed )Where stories live. Discover now