part 45

1.8K 202 19
                                        

Unicode & Zawgyi

(Unicode)

"မင်းက..... မင်းတို့နှစ်ယောက် က.... "

ရှောင်းကျန့် သူသိလိုက်ရသည့် နောက်ထပ် အမှန်တရား အပိုင်းအစ တစ်ခုကြောင့် ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား မသိတော့....

ဟေးယွဲ့၏ အနမ်းကနေ တစ်ဆင့် ရှောင်းကျန့်
သိလိုက်ရသည်က ဟေးယွဲ့သည်လည်း မိမိလိုချင်နေသည့် သူတစ်ယောက်ဆိုတာကို....

အဘယ့်ကြောင့်ဆို....ဟေးယွဲ့ထံမှ ဝမ်ရိပေါ်နဲ့ တူညီသော စိတ်စွမ်းအင် ကို ခံစားမိလိုက်သောကြောင့်ပင်....

စွမ်းအင် တည်ရှိမှုချင်း တူသည်.... မတူသည့်အရာက တစ်ခုက အလင်း တစ်ခုက အမှောင်...

နောက်ဆုံး အရင်းခံသည်ကား နတ်ဘုရား မျက်ရည်စက်.....

ထိုအရာက ရှောင်းကျန့်အမှန်တကယ်
လိုချင်နေသည့်အရာ....

ယခု မိမိ လိုချင်နေသည့် အရာက သူတို့
နှစ်ယောက် လုံးနဲ့ သက်ဆိုင်နေသည်...

နှစ်ယောက် လုံး တစ်ယောက်ကိုမှ ဖယ်ခွာ
ထား၍ မရချေ...

ဝမ်ရိပေါ်နဲ့ ဟေးယွဲ့ သူတို့နှစ်ဦးသည်ကား soulတစ်ခုတည်း....
နှစ်ယောက်ပေါင်းမှ အစွမ်းထက်သည့်
စွမ်းအားကို ရရှိနိုင်မည်....

ယခုအချိန်တွင် နှစ်ယောက်လုံးက ကွဲ ပြား
နေသည့် အတွက် သူတို့တွင် ရှိသည့်
စွမ်းအားက အကန့်အသတ်ရှိသည်...

ဝမ်ရိပေါ် က စွမ်းအင် လုံးဝ နိုးထခြင်း
မရှိသေးသည့်အပြင် လူသားတစ်ယောက်
လည်း ဖြစ်သေးသည်....

ပိုဆိုးသည်က soulတစ်ခုတည်း ရှိသည့်
လူနှစ်ယောက်က ဘာလို့ တွေ့တိုင်း
အမြင်မကြည် မတည့်နေရသနည်း....

"ဟုတ်တယ်.... ကိုယ်ကမှ အမှန်တကယ် ကိုယ့်ရဲ့နတ်ဘုရားလေး လိုအပ်တဲ့လူ..."

ဟေးယွဲ့ ရှောင်းကျန့် နဖူးကို ခပ်ဖွဖွ ထပ်နမ်းရင်း ပြောလိုက်သည်....

"တော်လောက်ပြီ...!!!."

ဝမ်ရိပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးလာသည့်အတွက် ရှောင်းကျန့် ကို မိမိဘက်သို့ ဆွဲယူရင်း ပြောလိုက်သည်.....

The Same L💗VE (completed )Hikayelerin yaşadığı yer. Şimdi keşfedin