part 12

2.6K 317 2
                                    

Unicode&Zawgyi

(Zawgyi )

"ဒါ ဘာတွေလဲ...လူရော...."

ဝမ်ရိပေါ် သူ့တိုက်ခန်းကိုတစ်လှည့် ရှောင်းကျန့်ကိုတစ်လှည့် သေချာကြည့်နေသည်....

ရှောင်းကျန့် မျက်ခုံး တစ်ချက်ပင့်လိုက်ကာ အားကျိကို စူးစိုက်ကြည့်လိုက်သည်.....

ရှောင်းကျန့်၏ အငွေ့အသက်ကြောင့် အားကျိ ဝမ်ရိပေါ် ၏ ကြောင်နဲ့ဝုန်းဒိုင်းကျဲဆော့ကစားနေရာမှ ရပ်လိုက်သည်....

သို့သော် အားကျိမှာ မူရင်းပုံစံသို့ ပြန်လည်ပြောင်းထားသည့်အတွက် ဝမ်ရိပေါ် သတိမထားမိ.....

ရှောင်းကျန့်တစ်ယောက်သာ အားကျိကို မြင်သည်.....

"ရှောင်းကျန့်.... ခင်ဗျား ရဲ့စိတ်ချယုံကြည်ချင်စရာ ကောင်းတဲ့ အားကျိ ဆိုတဲ့ သတ္တဝါလေးရော...."

ဝမ်ရိပေါ် အံကိုကြိတ်ကာ သွားကြားထဲက ထွက်သည့်လေသံဖြင့်ပြောလိုက်သည်....

"....."

ရှောင်းကျန့် ပုခုံးသာ တွန့်ပြလိုက်ပြီး မသိဘူးလေ ဆိုသည့် မျက်နှာပေးဖြင့် ဝမ်ရိပေါ်ကို စိုက်ကြည့်နေသည်.....

"......."

"ရိပေါ် ငါ့ကို အဲ့လိုလာမကြည့်နဲ့.... ငါ တစ်နေကုန် မင်းနဲ့အတူ ရှိနေတာ..... အိမ်မှာကျန်ခဲ့တဲ့လူ ဘာလုပ်နေလဲ ဘယ်လိုသိမှာလဲ...."

ရှောင်းကျန့် ဆက်လက်၍ မသိချင်ယောင် ဆောင်ကာ ဆိုဖာပေါ် သွားထိုင်နေသည်....

"ဟုတ်လား....တကယ်ပဲ....မင်းမသိဘူးလား...
ရှောင်းကျန့်  ....."

ဝမ်ရိပေါ် ၏ မျက်ဝန်းတို့က တစ်စုံတစ်ရာ ဖြတ်သန်းသွားသယောင်....

ဝမ်ရိပေါ် နှုတ်ခမ်းစွန်းတို့က တစ်ဖက်သို့အလိုလို ကော့တက်သွားသည်...ကျိန်းသေပေါက် လှောင်ထေ့သည့် အပြုံးပါပင်.....

"အင်း....ငါ့စိတ်ထင် သူတစ်ခုခု ဝယ်စရာရှိလို့ ထွက်သွားတယ်ထင်တယ်.....ရိပေါ် မင်းအိမ် သူခိုးဝင်သွားတာလား မသိဘူးနော်....ဘာတွေပျောက်သွားသေးလဲ ရှာကြည့်ပါဦး...."

ရှောင်းကျန့် ....ဝမ်ရိပေါ်ပုံစံ မမှန်တော့ သည်ကို သတိထားမိ၍ စကားလမ်းကြောင်း လွှဲ ဖို့ကြိုးစားနေသည်.....

The Same L💗VE (completed )Where stories live. Discover now