part 9

2.9K 332 6
                                    

Unicode&Zawgyi

(Zawgyi )

စစ်ချင်းရှု ထွက်သွားသည့်တိုင် ဝမ်ရိပေါ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်....

ဝမ်ရိပေါ် သူနားမလည်သည့် အရာကို ဆက်လက်စဉ်းစားလိုစိတ်မရှိတော့...

တိုက်ခန်း အတွင်းသို့သာ ပြန်ဝင်လာခဲ့သည်...

ရှောင်းကျန့်မှာ ယခင်အတိုင်း ပုံစံမပျက် ထိုင်လျှက်ပင်
ဝမ်ရိပေါ် ပြန်ဝင်အလာကို စောင့်နေသည်....

"ရှောင်းကျန့်... မင်း ချင်းရှုကို ဘယ်လိုပြောလိုက်တာလဲ....
ငါ့ကိုပြောပြလို့ရမလား...."

"ပြောပြလို့ရတယ်....ငါ...ချင်းရှုကို ပြောလိုက်တာက
ရိပေါ် ကိုသဘောကျတယ်... သူနဲ့အတူနေချင်တယ်လို့...."

"ဘယ်....ဘယ်လို....ငါ့ကို သဘောကျတယ် ဟုတ်လား...အဲ့ဒါ ဘာအဓိပ္ပါယ်လဲ..."

ဝမ်ရိပေါ် မျက်လုံး အဝိုင်းသားဖြင့် ပြန်မေးနေသည်...

"သဘောကျတယ်ဆိုတဲ့ ရိုးရှင်းတဲ့စကားလုံးလေးတောင် နားမလည်နိုင်ဘူးလား.... ငါ အားကျိကို သဘောကျသလို မင်းကိုလည်း သဘောကျတယ်လို့ပြောတာ...."

ဝမ်ရိပေါ် သူ့နဖူးသူ လက်နဲ့ပြန်ရိုက်ချင်သွားသည်....
သူ့ကိုယ်သူ ဘယ်လိုဖြစ်ပြီး ထူးထူးဆန်းဆန်း အတွေး တွေးမိသွားလဲနားမလည်....
ပြီးတော့ ဟိုက စိတ်ပုံမှန် မဟုတ်.....
စကားကို ပြောချင်စလို ပြောနေသည်သာ....

ရှောင်းကျန့်ပြောသည့်အတိုင်း ရိုးရှင်းလှသည့်အနှီဝါကျကို မည်သည့်အတွက်ကြောင့်
မသိစိတ်က ဆန်းပြားသည့် အနက်အဓိပ္ပါယ် ဖော်ဆောင်စေချင်ခဲ့တာလည်း ဆိုတာ ဝမ်ရိပေါ်နားလည်းမလည်သလို ရိပ်လည်းမရိပ်ပါချေ...စိတ်ထဲ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်ဆိုရုံသာ....

"🎶🎶🎶.... "

ဝမ်ရိပေါ် သူ့ဖုန်းမြည်လာလို့ ဖုန်းကိုင်လိုက်သည်....

ဝမ်ရိပေါ် ဖုန်းကို နားနားကပ်ရုံရှိသေးသည်...
တစ်ဖက်က အသံက ကျယ်လောင်စွာ ဟိန်းထွက်လာသည်....

"ဝမ်ရိပေါ် မင်းခုချိန်ထိ စခန်းကိုမလာသေးဘဲ...ဘာလုပ်နေတာလဲ... ဟမ်....မင်းကိုယ်မင်း ကုမ္ပဏီ သူဋ္ဌေးထင်နေလား....မင်းက စုံထောက်...ရဲအရာရှိ
မင်းကို အမှုတွေက စောင့်နေတယ်နားလည်ရဲ့လား"

The Same L💗VE (completed )Where stories live. Discover now