part 89

1.3K 121 2
                                        

Unicode & Zawgyi

(Unicode )

ဝမ်ရိပေါ်မှာ သူ၏ ဆေးခွင့်ကာလ တစ်ခုလုံးကို ရှောင်းကျန့်အား ပရောပရည် ပြုလုပ်ခြင်းဖြင့် အဆုံးသတ်သွား၏။

သူတို့၏ ကြားခံလူ အားကျိလေးမှာ အမြဲတမ်း အထုအထောင်း ခံနေရဆဲပင်။

ဝမ်ရိပေါ် ဆေးခွင့် ပြီးဆုံးပြီးသည်နှင့် အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်လာသည်။

မူချင်းဖန် ပြဿနာ မတိုင်ခင်ကတည်းက
ဝမ်ရိပေါ်တွင် မဖြေရှင်းရသေးသော အစီအရင်ခံစာ ပေါင်း တစ်ပုံတစ်ပေါင်း ရှိနေလေသည်။

အလုပ်ပြန်တက်လျှင် တက်ခြင်း သူ့ကို စောင့်နေသည်က ထို အစီအရင်ခံစာ ပေါင်း သောင်းခြောက်ထောင်။

ဝမ်ရိပေါ်မှာ ခေါင်းမွေးတွေပင် ဖြူချင်သွားသည်။ သူ့နဂိုဆံပင်က အဖြူ ဆိုပေမဲ့လည်း...

သူ့ကိုယ်သူ အလုပ်လက်မဲ့လေး အဖြစ်သာ နေချင်တော့သည်။

ထိုမှသာ အချိန်နှင့်အမျှ သူ့ရဲ့ ကျန့်အာလေးနဲ့ ကလူ မြူနိုင်မည်ပင်။

ဝမ်ရိပေါ်မှာ အစီအရင် ခံစာ အတွက် စာတစ်ကြောင်း ရေးပြီးတိုင်း သက်ပြင်းပေါင်း မရေတွက်နိုင်အောင် မှုတ်ထုတ်လျှက်ရှိသည်။

"အားယိုး....တစ်ချို့... တစ်ချို့တွေ ဆေးခွင့်တုန်းက ကျ ပျော်ပျော်ကြီး သုံးနေပြီး အခုကျ
လဒ ကြီး မှိုင်နေသလိုပါပဲလားဟေ...."

စူးချင်းမေ မှာ ရယ်ရွှင်စွာဖြင့် မှုန်သိုးစွာ တည်ရှိနေသည့် ဝမ်ရိပေါ်အား စနောက်လာ၏။

"ဟုတ်ပဗျာ... သူ့အချစ်လေးက ဒီမနက် သူ့ကို ဆူလိုက်လို့လား..."

ဘေးနားရှိ တစ်ယောက်က စူးချင်းမေ စကားကို ထောက်ခံပြောကြားလာ၏။

"ဟေး... ရိပေါ်.. ငါ့ကောင်ချောလေးက မင်းကို စွန့်ပစ်လိုက်ပြီလား...အားယား ဒီလိုဆို
ငါလေး သွားလက်ဦးမှု ယူဦးမှပါ..."

ဝမ်ရိပေါ်မှာ စူးချင်းမေအား စူးရဲစွာ
စိုက်ကြည့်လာ၏။

စူးချင်းမေ မှာ ဝမ်ရိပေါ်၏  ဒီလိုပုံကို မြင်လေ ပိုစချင်လာလေပင်။

The Same L💗VE (completed )Where stories live. Discover now