part 6

3.3K 362 0
                                        

Unicode&Zawgyi

(Zawgyi )

"အားကျိ....သူ့ရဲ့ မှတ်ဉာဏ်ကို
ို ကြည့်ချင်တယ်.... "

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ မှတ်ဉာဏ်ကို အမှန်တကယ် ကြည့်လိုခဲ့သည်....ထိုလူသားခေါ်နေသည့် စစ်ရီက မည်သူဆိုတာကိုလည်း သိချင်ခဲ့သည်....

"သခင်....ခဏစောင့်...."

အားကျိ ချက်ချင်း သူ့ရဲ့ နတ်စွမ်းအင် အချို့ကို လည်ပတ်စေပြီး ဝမ်ရိပေါ်ရဲ့ မှတ်ဉာဏ်အားလုံးကို ကူးပြောင်းယူလိုက်သည်.....

ရှောင်းကျန့် သူ့ရှေ့တွင် မြူ ခိုးများကြားမှ ပေါ်လာသော ပုံရိပ်အချို့ကို သေချာကြည့်နေမိသည်....

မိမိရှေ့တွင် လဲကျနေသော အနှီလူသား၏ အမည်မှာ ဝမ်ရိပေါ် ဖြစ်ပြီး ထူးချွန်သည့်စုံထောက်တစ်ယောက်ဖြစ်သည်....

ယခုနှစ်တွင် သူ့အသက် ၂၄ နှစ်ဖြစ်ပြီး လွန်ခဲ့သော ၂နှစ်က ရဲသင်တန်းဆင်းခဲ့သည်....

ဝမ်ရိပေါ်ရဲ့မိဘတွေက ဆေးဝါးဖြန့်ဖြူးသည့် ကုမ္ပဏီ ဖြစ်ပြီး X&Y ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ ရဲ့ မိတ်ဖက်ပါတနာလည်းဖြစ်သည်....

X&Y ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်မှာ စစ်မိသားစု ဖြစ်ပြီး ပြီးခဲ့တဲ့ ၁နှစ် မတော်တဆမှု တစ်ခု ဖြစ်အပြီးတွင်တော့ ထိုမိသားစုရဲ့ သမီးငယ်
စစ်ချင်းရှုက ကုမ္ပဏီကို တာဝန် ယူခဲ့သည်....

စစ်ချင်းရှု မှာ ဝမ်ရိပေါ် ငယ်စဉ်ကတည်းက တစ်ဖက်သတ် နှစ်သက်မြတ်နိုးခဲ့ရသော မိန်းကလေုး ဖြစ်ပြီး စိတ်ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေသည့် စစ်ရီရဲ့ ညီမလေးလည်း ဖြစ်သည်...

ရှောင်းကျန့် စစ်ရီရဲ့ ပုံရိပ်ကို ကြည့်နေရင်း မိမိကို မည်သည့်အတွက်ကြောင့် ထိုလူနဲ့မှားနေရသလဲဆိုတာကို နားလည် သွားချေပြီ....

"တူတယ်...တစ်ထပ်တည်းပဲ....
မျက်နှာကျတင်မဟုတ်ဘူး....အရပ်အမောင်းရော အပြုအမူရော အရာအားလုံး တစ်ထပ်တည်းပဲ....
ဒါကြောင့် ဒီလူသားက လူမှားနေတာပဲ...."

ရှောင်းကျန့် ထိုအတွေးကို တိတ်ဆိတ်စွာနဲ့သာ တွေးပြီး သူ့ရှေ့က ပုံရိပ်တွေကို ဆက်ကြည့်နေလိုက်သည်....

The Same L💗VE (completed )Onde histórias criam vida. Descubra agora