part 42

1.7K 190 10
                                        

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ် ၏ တိုက်ခန်း တွင်....

ရှောင်းကျန့် တစ်ယောက်တည်း အတွေးပေါင်းစုံ ဖြေရှင်းစရာ ပေါင်းစုံနဲ့ အလုပ်ရှုပ်နေသည်။

"သခင်...... "

အားကျိ မျက်နှာလေးက ယခု အချိန်မှာ သနားဖွယ်အတိပင်....မောက်မာတတ်တဲ့ အကောင်ငယ်လေးက ပျောက်ဆုံးနေပေသည်။

"အားကျိ....မင်း ဘာလို့ ထွက်လာတာလဲ....မင်းဒဏ်ရာ ကုတာ ပိုအဆင်မပြေဖူးလား....."

"သခင်....အားကျိ နေလို့ မရဘူး....အထဲမှာ နေရင်း အသက်ရှု ကြပ်လာတယ်...."

"......."

"အားကျိကို နတ်ဆိုးဖြားယောင်း ဂမုန်းပင် က ဖိနှိပ်ထားတယ်...."

"ဒါဆို အပြင်မှာပဲ နေလိုက်ပါ.... ငါ မင်းကို စွမ်းအင် မျှပေးမယ်...."

ရှောင်းကျန့် ပြောလိုက်ပြီး သစ်သားချီအချို့ကို အားကျိဆီ လွဲပြောင်းပေးလိုက်သည်။

"ဟေး...ဟေးယွဲ့......"

ရှောင်းကျန့် သူ့အခန်းထဲ မှာ ရုတ်တရက်ပေါ်လာရုံမက သူ့အပေါ်သို့ လဲကျလာသော ဟေးယွဲ့ကို အလျင်အမြန် ထိန်းလိုက်ရသည်။

ဟေးယွဲ့ သူ ပြန်လည် သတိရလာချိန်တွင် ဆေးရုံ လူနာ ခုတင်ပေါ်တွင် လှဲလျောင်းနေသည်။သူ့ဒဏ်ရာကိုလည်း ပတ်တီးစီးကာ ဆေးထည့်ထားသည်။

သို့သော် လူသားတွေရဲ့ ဆေးက ဟေးယွဲ့အတွက် အသုံးမဝင်ပေ။

ထို့ကြောင့် သတိပြန်လည် ရရခြင်း ရှောင်းကျန့်ဆီသို့ ရောက်လာခြင်းပင်။

"ဟေးယွဲ့.... မင်း ဒဏ်ရာတွေ ဘယ်လို ရလာတာလဲ...."

ရှောင်းကျန့် ဟေးယွဲ့ကို မေးလိုက်သည် ။

"ကိုယ့်ရဲ့နတ်ဘုရားလေး မေးခွန်းတွေ နောက်မှ မေးပါလားဟင်....ကိုယ့်ကို အခု ကုပေးနိုင်မလား...ကိုယ် မြေခွေးနီလက်သည်းအဆိပ်မိထားတယ်...."

ဟေးယွဲ့ ....ရှောင်းကျန့် ကို အနည်းငယ် ချွဲကာ ပြောလိုက်သည်။

"ကြ က်သီးထတယ်....အဲ့လို မချွဲစမ်းနဲ့...."

ရှောင်းကျန့် အမှန်ပင်...ကြ က်သီးထလာခြင်းပင်...

The Same L💗VE (completed )Where stories live. Discover now