part 20

2.6K 287 12
                                        

Unicode&Zawgyi

(Unicode)

သနားစရာ အိမ်မက် စားသုံးသူ မှော်သားရဲလေးမှာ နောက်တစ်နေ့ မနက်လင်းမှ ဝမ်ရိပေါ်၏ တိုက်ခန်း သို့ ပြန်ရောက်လာသည်...

အားကျိ တိုက်ခန်းထဲသို့ အားသွန်ခွန်စိုက် ပြေးဝင်လာပြီး ရှောင်းကျန့် ကို အတင်းဖက်တွယ်ထားသည်....

ရှောင်းကျန့်မှာ အိပ်ယာမှ ထရုံရှိသေးသည်...
နှာတရှုံ့ရှုံ့နဲ့ ကလေးတစ်ယောက်လို ဖက်တွယ်ကာ လာငိုနေသော မှော်သားရဲ ပိစိကြောင့် စိတ်ရှုပ်ထွေးလာသည်....

ရှောင်းကျန့် အနေနှင့် လူသားကမ္ဘာသို့ ရောက်လာကတည်းက စိတ်အနှောင့်အယှက် ပေးမဲ့ သူတွေနဲ့ချည်းတိုးနေသည် မဟုတ်ပါလား....

"သခင်...သခင့်ကို လွမ်းနေတာ...အဟင့်...
ရွှတ်လ်...ဟို မကောင်းတဲ့လူကြီးကြောင့် သခင့်ရဲ့ကလေးလေးက ဟိုး....အဝေးကြီး..အဝေးကြီးကို ကျသွားတာ....သခင့်ရဲ့ ကလေးလေးကို ကြည့်ပါဦး... တစ်ညတည်း နဲ့ ပိန်သွားတယ် မထင်ဘူးလား....အဟင့်...ဟင့်..."

"အားကျိ.....မင်းရဲ့ ဒီခန္ဓာကိုယ်ကြီး က ပိန်သွားတယ် လား....ယုတ္တိ ဆန် တာ ပြောစမ်း....."

"သခင်...သခင်က အားကျိလေး ကို စိတ်မပူဘူး....ညက အားကျိလေးကို လူဆိုးကြီးတေ ဝိုင်းအနိုင်ကျင့်ကြသေးတာ...."

"....."

"သခင့်ရဲ့ အားကျိလေးပဲဟာ...နိမ့်ကျတဲ့ လူသားတွေရဲ့ အနိုင်ကျင့်ခံစရာလား....သူတို့ကို သင်ခန်းစာ ပေးလိုက်တယ်....သိလား...သခ...."

အားကျိ စကားပင် ဆုံးအောင် မပြောရသေး...တစ်စုံတစ်ယောက်၏ ဂုတ်ပိုးမှ ဆွဲ၍ ဖယ်ရှားခြင်းကို ခံလိုက်ရသည်....

ဝမ်ရိပေါ် မှာ သူအိပ်နေတုန်း ဆူဆူညံညံလုပ်သည်ကို တအားမုန်းသည်....

သူအိပ်ကောင်းနေတုန်း ငှက်ဆိုးထိုးသံလို ကွဲအက်နေသည့် ငိုသံကြောင့် မကျေမနပ်နဲ့ အခန်းထဲက ထွက်လာသည်....

ဝမ်ရိပေါ် သူ့ရှေ့က မြင်ကွင်းကြောင့်
မကျေနပ်သည်ထက် ပို၍ မကျေနပ်ဖြစ်လာရသည်.....

မည်သည့်အတွက်ကြောင့် သူထိုကဲ့သို့ ဖြစ်သည်ကို မသိလိုက်....မတွေးမိလိုက်ရသေးခင်မှာပဲ...
အနှီစိတ်ရှုပ်စရာ ကောင်းလှသည့် သတ္တဝါ ပေါက်ကို ဂုတ်ပိုးမှ ဆွဲကာ အဝေးသို့ ဖယ်လွှင့်လိုက်သည်.....

The Same L💗VE (completed )Donde viven las historias. Descúbrelo ahora