part 51

1.4K 155 4
                                        

Unicode & Zawgyi

(Unicode)

ရင်းနှီးသော်လည်း မရင်းနှီးသည့် ပတ်ဝန်းကျင်....

တိတ်ဆိတ်သော်သော်လည်း ခြောက်ကပ်ပြီး ကြောက်လန့်ဖွယ် နေရာ.....

ထို ပတ်ဝန်းကျင် တွင် တစ်စုံတစ်ယောက်ကတော့ အသည်းအသန် လွတ်မြောက်ဖို့ရာ ကြိုးစားနေလေသည်....

ထို သူမှာ အားကျိ.....

သူ့ခန္ဓာကိုယ် တစ်ခုလုံး အားအင်ချိနဲ့ကာ သာမန် လူသား တစ်ယောက်ကဲ့သို့ ဖြစ်နေသည်....

ဝိညာဥ်ချုပ် အစီအရင်ကြောင့် သူ့ရဲ့ စိတ်ဝိညာဉ် အစွမ်းလည်း သုံးမရသလို ရှောင်းကျန့်ထံ အဆက်အသွယ် ပြု၍လည်း မရ.....

"အား....သေစမ်း......နာလိုက်တာ....."

အားကျိ မျက်နှာက ရှုံ့မဲ့နေသည်....

သူ တတ်နိုင်သလောက် လွတ်မြောက်နိုင်ရန် ကြိုးစားမိခြင်း....မဖြစ်နိုင်မှန်း သိသိနဲ့ ကြိုးစားမိနေခြင်း....

သူ့လို အားအင်ကုန်ခမ်းနေသူ တစ်ယောက်အဖို့
ဝိညာဥ်ချုပ် အစီအရင်ကို ပယ်ဖျက်ရန်ကြိုးစားခြင်းက ကြ က်ဥနဲ့ ကျောက်ဆောင်ကို ပေါက်ရန် ကြိုးစားနေခြင်းပင်....

မည်သည့် ကြိုးစားမှုကမှ အရာထင်လာမည် မဟုတ်....

"ဘာလို့ ငြိမ်ငြိမ်လေး မနေနိုင်တာလဲ....."

လူစိမ်း တစ်ယောက် ဝင်လာကာ ပြောလိုက်သည်.....

ထိုသူမှာခန့်ငြားတဲ့အသွင်သဏ္ဍာန်ရှိသည်.... မျက်ဝန်းတို့က နက်ရှိုင်းနေသည်....
အေးစက်နေသည့် ကန်ရေပြင်အလား......
သို့သော် တခြားတစ်ဖက်က နွေးထွေးမှု အရိပ်အယောင် ရှိနေသယောင်.....

ခန့်မှန်းမရသည့် မျက်နှာထား ပိုင်ရှင်မျိုးပင်....

"ငါ့ကို လွှတ်ပေး...."

အားကျိ အေးစက်စွာ တုံ့ပြန်လိုက်သည်....

"Haha....မလောနဲ့လေ......အချိန်တန် လွတ်ပေးမှာပေါ့....."

"......"

"ငါ သိချင်တယ်....မင်းသခင်က မင်းလို အကောင်လေးကို ဘယ်က ရလာတာလဲ
ဆိုတာ......"

The Same L💗VE (completed )Where stories live. Discover now