Unicode & Zawgyi
(Unicode)
"သခင် ကျွန်တော် ပြောစရာ ရှိသေးတယ်.... "
"ဘာရှိသေးလို့လဲ...."
"ကျွန်တော် ဟိုမိန်းကလေး မှတ်ဉာဏ်ကို ဖျက်တုန်းက သူ့မှတ်ဉာဏ်ထဲမှာ သခင်က သူ့အစ်ကို မဟုတ်ဘူးဆိုတာ ကို တခြား တစ်ယောက်ကို ပြောပြထားတာ တွေ့လိုက်တယ်.... "
"ဘယ်သူလဲ...."
"ဟို ကျပ်မပြည့်ကောင်...."
"ကျပ်မပြည့်ကောင်! !?.."
ရှောင်းကျန့် စဥ်းစားမရ ဖြစ်သွားသည်...
ကျပ်မပြည့်ကောင်က ဘယ်သူပါလိမ့်...
"သခင်....ဟိုကောင် လေ...မှိိုခြင်းဆိုလား ဘာလားကောင်...."
"မှိုခြင်း....????...မူချင်းဖန် လား...."
"အင်း..အင်း...ဟုတ်တယ်... သူ.... "
"အင်း...ငါတို့ အနေအထိုင် ဆင်ခြင်ရဦးမှာပေါ့...အားကျိ....အခွင့်အရေးကြုံရင်
သူ့ဆီက အဲ့ဒီ မှတ်ဉာဏ်အစိတ်အပိုင်းကို
ဖယ်ပစ်လိုက်... "
"ကျွန်တော် နားလည်ပြီ..."
ရှောင်းကျန့် အားကျိနဲ့ စကားပြောနေရင်း တံခါးဘဲလ်သံ ကြားသောကြောင့် အပြင်ထွက်ပြီး
တံခါးဖွင့်ပေးလိုက်သည်....
တစ်ဖက်၌.....
ဝမ်ရိပေါ် သူ့ဘေးက လူနဲ့ အတူတူ ရှိမနေချင်...
ထိုသူသည်ကား မိမိနဲ့ တစ်ပုံစံတည်း ဖြစ်နေရုံမက မိမိ၏ အချစ်ပြိုင်ဖက်လည်း ဖြစ်နေသေးသည်...
ဘယ်လောက် ရူးသွပ်ချင်စရာ ကောင်းလိုက်သလဲ....
ဝမ်ရိပေါ် တစ်ယောက်တည်း စိတ်ပျက်မှု အပေါင်း လွှမ်းခြုံထားသည်မဟုတ်...
ဟေးယွဲ့သည်လည်း ထိုနည်းတူပင်....
သူ့အနေနဲ့ ဝမ်ရိပေါ် ကို နည်းနည်း လေးမှ သဘောမကျပေ......
ဟေးယွဲ့၏ အရှိန်အဝါမှာ ရှောင်းကျန့်နဲ့အတူ ရှိတုန်းက ကဲ့သို့ မဟုတ်တော့ပေ.....
ရှောင်းကျန့်နဲ့ အတူရှိစဥ်က လိမ္မာသည့်
ကြောင်လေး ဖြစ်သော်လည်း ဝမ်ရိပေါ်နဲ့
အတူ ရှိနေချိန်မှာမူ ဟေးယွဲ့ မှာ မာန်ဖီနေသည့်
ကျားဖြူတစ်ကောင်ပင်....
YOU ARE READING
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
