Unicode & Zawgyi
(Unicode)
ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းထက် ခပ်စစ အပြုံးလေး တည်လာသည်။
"ကျန့်အာ တကယ်ပဲ ကျွန်တော့် ကို မသိဘူးလား..."
ရှောင်းကျန့်မှာ ငါ မင်းကိုမသိဘူး ဆိုသည့် မျက်နှာ အမူအယာကို ဆက်လို့ ချီမော့ထားဆဲပင်။
"ဒါဆို..."
ဝမ်ရိပေါ်က ကိုယ်ကို ရှောင်းကျန့်ထံ ကိုင်းညွှတ်လာကာ အကြည့်တို့က နှုတ်ခမ်း၌
ရပ်တန့်သွားသည်။
"ကျွန်တော့် ကျန့်အာလေး မှတ်မိလာအောင် လို့ ကျွန်တော် ဘာနဲ့ သက်သေ ပြသင့်လဲ..."
ရှောင်းကျန့် ကမူ ဆက်လို့ လျစ်လျူရှုနေသည်။
ဝမ်ရိပေါ် မှာ ခဏတာ စဥ်းစားပြီးနောက်
"အနမ်း...??..."
ရှောင်းကျန့် အကြည့်တို့က ပြောင်းလဲကာ
မှင်သက်စွာဖြင့် ဝမ်ရိပေါ်ထံ စိုက်ကြည့်လာသည်။
ရှောင်းကျန့် နည်းတူ အနား၌ ကပ်နေသည့် လူတစ်ဦးမှာ ပြူးကျယ်သော မျက်လုံးအစုံ ဖြင့် ဝမ်ရိပေါ်အား ကြည့်လာသည်။
'ခွေးကောင်လေး ရိပေါ်.... လူတွေ ဒီလောက် အများကြီး ကြားမှာတောင် ကလူမြူနေတယ်...ဌာနမှာ လူပျိုသိုးတွေ အများကြီးဟ... အားနာဦး...'
ဝမ်ရိပေါ်ကမူ ဘေးလူအကြည့်ကို အာရုံမစိုက်ပေ။ သူတို့နှစ်ဦးတည်း ရှိသည့် အလား ဆက်လို့ ပြုမူနေသည်။
"အင်း...အနမ်းနဲ့ဆို ကျွန်တော့် ကျန့်အာ လေးက မှတ်မိမှာပဲ..... ဘာလို့ဆို.... ကျန့်အာလေးက ကျွန်တော့် အနမ်း ကို အရမ်း ကြိုက်...အူး..အူး..."
ဝမ်ရိပေါ် ၏ အရှက်မဲ့စွာ ထုတ်ဖော်နေသော စကားလုံးတို့က ရှောင်းကျန့်လက်တို့ဖြင့် ပိတ်ပင်တားဆီးခံလိုက်ရသည်။
ရှောင်းကျန့် က ဝမ်ရိပေါ် ပါးစပ်ကို ပိတ်ထားသည့် သူ့လက်တို့ကို လွှတ်မပေးဘဲ အဆောက်အဦးအပြင်ထိ ရောက်အောင်
ခေါ်ထုတ်သွားသည်။
လမ်းမထက် သွားလာနေသူ အချို့က သူတို့အား ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။
YOU ARE READING
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
