Unicode &Zawgyi
(Zawgyi )
ရှောင်းကျန့် မှာ အမှန်တကယ် မူးဝေခြင်းမရှိပါ....
လူသားကမ္ဘာမှာရှိသည့် အရက်တွေ က ကောင်းကင်ဘုံ ၏ မက်မွန်ပန်း ဝိုင်နဲ့ မယှဉ်သာပေ....မက်မွန်ပန်းဝိုင်၏ အစွန်အဖျားပင် သိပ်မမှီချင်....
ရှောင်းကျန့်လို မက်မွန်ပန်း ဝိုင်ကို အဖော်ပြုနေသည့် နတ်ဘုရားတစ်ပါးအနေနှင့် ဤလူသားကမ္ဘာ၏ ဘီယာအချို့က မူးဝေစေခြင်းငှါ မစွမ်းသာပေ....
ရှောင်းကျန့် မှာ ဗိုက်ဆာသည့်ပင်ပန်းမှုဒဏ်ကို ခံစားနေရသဖြင့် သူ့ခန္ဓာကိုယ် ကို အဝေးသို့ ရွေ့ ဖို့ရာ မပြုလုပ်ချင်တော့သည့်အတွက် ရေခဲသေတ္တာရှေ့မှာသာ ခွေခေါက်အိပ်နေမိသည်...
ရှောင်းကျန့် သူ့ကို လှုပ်နှိုးနေသည့် ဝမ်ရိပေါ်ကို မကျေလည်စွာနဲ့ပဲ မော့ကြည့်လိုက်သည်....
"ရိပေါ်....မင်းပြန်လာတာ ကောင်းတယ်...."
ရှောင်းကျန့် စကားဆိုလိုက်သော်လည်း တစ်ဖက်က ဝမ်ရိပေါ် မှာ ဘာဖြစ်နေသည်မသိ လှုပ်ရှားမှု အလျှင်းကင်းမဲ့စွာသာ ရှောင်းကျန့်ကို မျက်တောင် မခတ် စိုက်ကြည့်နေသည်....
"ဝမ်ရိပေါ်....ဝမ်ရိပေါ်..."
"အမ်...."
ဝမ်ရိပေါ် အခုမှ သူရဲ့ ပူလောင်မှုကနေ ရုန်းထွက်သွားနိုင်ခဲ့သည်....
"မင်းအတွေးတွေ ဘယ်ရောက်နေတာလဲ....ငါခေါ်နေတာ မကြားနိုင်လောက်အောင်...."
"ဒီလိုပဲ...."
ဝမ်ရိပေါ် ရှောင်းကျန့် မျက်ဝန်းကို တည့်တည့် စိုက်မကြည့်ရဲတော့ဘဲ တစ်ခြားသို့ မျက်နှာလွဲလိုက်သည်...
"မင်းပြန်လာတာ ကောင်းတယ်.... ငါ ဗိုက်ဆာတယ်....ဒါကြောင့် ရိပေါ် မင်း..ငါစားဖို့ တစ်ခုခု ချက်ပေး....ငါ အခုလောလောဆယ် အခန်းထဲမှာ သွားအနားယူလိုက်ဦးမယ်...မင်းချက်ပြီးလို့ ငါစားလို့ရပြီဆို လာခေါ်....."
ရှောင်းကျန့် သူလိုအပ်သည်ကို ပြောပြီးသည်နှင့် သူ့အိပ်ခန်းထဲ ဝင်သွားသည်....
ရှောင်းကျန့် အိပ်ခန်းက ဝမ်ရိပေါ် အခန်းရဲ့မျက်နှာချင်းဆိုင်တွင် ပင်....
YOU ARE READING
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
