Unicode& Zawgyi
(Zawgyi )
ရှောင်းကျန့် သူ့လက်က အထိအတွေ့ ကြောင့် သူ၏ လှုပ်ရှားမှု အားလုံး ခဏ ရပ်ဆိုင်းသွားသည်....
ရှောင်းကျန့် သူ၏ အသားကို ရာရာစစ လာထိတွေ့သူကို မြင်ချင်သောကြောင့် ထိုသူ့မျက်နှာကို မြင်ရရန် သေချာကြည့်လိုက်သည်....
ရှောင်းကျန့် တစ်ဖက်လူကို ကြည့်ပြီး သူ့ရဲ့ နဂို ငြိမ်းအေးလှသည့် စိတ်အစဉ်ပင် ပြိုလဲလုနီးပါး ဖြစ်သွားသည်....
ရှောင်းကျန့် စိတ်အစဉ်ပြိုလဲရလောက်သည်အထိ
ဖြစ်သွားသည်မှာ တစ်ဖက်လူမှာ နတ်ဘုရားပင် ကြွေရလောက်အောင် ချောမောနေ၍ မဟုတ်ပါ....
ထိုတစ်ဖက်လူမှာ ရှောင်းကျန့် ကိုသတ်ဖြတ်ချင်နေသည့် ဒေါသ အမျက်ချောင်းချောင်း ထွက်သည့် မျက်ဝန်းများဖြင့် စူးစိုက် ကြည့်နေသည်....
ဝမ်ရိပေါ် စစ်ချင်းရှု နဲ့ ဖုန်းပြောပြီး စစ်ရီ ကို ရှာပေးဖို့ ကတိပေးလိုက်သည်...
ဝမ်ရိပေါ် သူ့တိုက်ခန်းကနေ ဆင်းလာပြီး ကားထဲ ဝင်ရန် ပြင်လိုက်သော်လည်း သူနေသည့် တိုက်ခန်း အဆောက်အဦးနဲ့ မဝေးသည့်နေရာတွင် ဆူဆူ ဆူဆူနဲ့ ရှုပ်ထွေးနေသည့် လူအုပ်ကို တွေ့လိုက်သည်....
"ဘာတွေဖြစ်နေတာလဲ....တစ်ခုခု ဖြစ်တာလား..."
ဝမ်ရိပေါ် မှာ စုံထောက် တစ်ယောက် ဖြစ်သည့်အတွက် ထိုအတွေးကို တွေးမိပြီး သူ့လမ်းသူ ဆက်မသွားနိုင်တော့.....
ဝမ်ရိပေါ် ထို လူအုပ်ရှိသည့်နေရာကိုသာ ရှေးရှုသွားလိုက်သည်.....
သို့သော် ဝမ်ရိပေါ် မထင်ထားသည်က သူရှာဖွေလိုခဲ့သူသည် ထို လူအုပ်အတွင်းတွင် ရှိနေလိမ့်မည်ဟု.....
ဝမ်ရိပေါ် ထိုလူအုပ်၏ အလယ်တွင် ရှိနေသည့်သူကို
ကြည့်လေ ဒေါသထွက်လေပင်...ကိုယ့်ဘာသာ စိတ်ပုံမှန်မဟုတ်ရင်လည်း အိမ်ထဲမှာပဲ နေလေ...ဘာလို့ လျှောက်ထွက်သွားပြီး တစ်ခြားလူတွေကို စိတ်အနှောင့် အယှက် ပေးရတာလဲ.....
အလကား ချင်းရှုကို စိတ်ပူစေတဲ့ လူပဲ....
ဝမ်ရိပေါ် အတွေးနစ်နေတုန်း တစ်ဖက်က လူမှာ ထွက်သွား ဖို့ ပြင်နေသည်....
ESTÁS LEYENDO
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
