part 13

2.5K 312 4
                                    

Unicode&Zawgyi

(Zawgyi )

ဝမ်ရိပေါ်.... နောက်တစ်နေ့ မနက်လင်းချိန်တွင် ရှောင်းကျန့်ကို အိပ်ယာသွားနှိုးသည်.....

သို့သော် ရှောင်းကျန့်မှာ အားအင်ယုတ်လျော့စွာ လဲလျောင်းနေသည်.....

ဘေး၌ အားကျိက မတ်တပ်ရပ်လျှက်.....

ဝမ်ရိပေါ် ထိုအခြေအနေကို ကြည့်ပြီး စိတ်ထဲ မည်သည့်အရာကို သဘောမကျလို့ မကျမိဖြစ်နေမှန်းမသိတော့ချေ...

ယမန်နေ့ညက ရှောင်းကျန့် မှာ အားကျိကိုဒေါသထွက်စွာ အခန်းထဲ ဆွဲခေါ်သွားပြီးကတည်းက ပြန်ထွက်မလာတော့ချေ....

ဝမ်ရိပေါ်လည်း ထိုအခြေအနေကို မသိလိုက်မသိဘာသာနဲ့ပင် နေခဲ့မိသည်....

ယခုမနက် ရှောင်းကျန့်၏ ပုံစံကို မြင်တွေ့လိုက်ရချိန်တွင် ယခင်နေ့ညက သူတို့နှစ်ယောက် အကြား ဘာတွေဖြစ်ပျက်ခဲ့တာလည်းဆိုသည့် အတွေးပေါင်းစုံက ဝမ်ရိပါ်၏ စိတ်ကို ဗျာပါဒဝေအောင် မွှေနေသည်.....

ဝမ်ရိပေါ် ၏ ဓားသွားကဲ့သို့ မျက်ခုံး တစ်စုံက တွန့်ချိုးသွားကာ.....

"ရှောင်းကျန့် မင်း....အနေအထိုင်ဆင်ခြင်ပါ....အခု မင်းနေနေတာက ငါ့အိမ်.... မင်းအိမ် မဟုတ်ဘူး....နေချင်တိုင်း နေမနေနဲ့....."

ဝမ်ရိပေါ် ၏ အေးစက်လှသည့် စကားလုံးတွေက ထွက်လာသည်....

"ငါ ဘာလုပ်နေလို့လဲ.... ရိပေါ်....ငါ ဟောဒီက အိပ်ယာပေါ် မှာ အိပ်​စက်မိရုံလေးတင်လေ...."

ရှောင်းကျန့် တကယ့်ကို မိမိရှေ့က လူသားကို အမြင်ကပ်နေသည်....

မိမိမှာ မနေ့ညက မိစ္ဆာ အငွေ့အသက်နောက်လိုက်ရင်း ထိုအငွေ့အသက်ပိုင်ရှင် နဲ့ ထိပ်တိုက်တွေ့ကာ ရင်ဆိုင်ခဲ့ရသည်.....နတ်စွမ်းအင် ယုတ်လျော့မှုကြောင့် အားအင် လျော့နည်းနေရတဲ့အထဲ
ထိုလူသားက မိမိကိုအနားယူခွင့်လေးတောင်မပေးဘဲ
နှိပ်စက်ချင်နေသည်....

"အိပ်စက်မိရုံလေးတင်....ဟုတ်တာပေါ့....ဒီ မိန်းမလို မိန်းမရ သတ္တဝါ လေးနဲ့ လုံးထွေးပြီးတော့လေ..."

ဝမ်ရိပေါ် စိတ်ထဲ ထိုအတွေးကို တွေးမိရင်း ဘာကို ဒေါသထွက်လို့ထွက်မိမှန်းမသိတော့ချေ....

The Same L💗VE (completed )Where stories live. Discover now