part 22

2.4K 277 19
                                        

Unicode &Zawgyi

(Unicode )

"ဘာလဲ ကိုယ့်ရဲ့နတ်ဘုရား လေး...ကိုယ့်ရုပ်က အကြည့်မလွဲနိုင်အောင်ကို ဆွဲဆောင်နိုင်နေတာလား...."

မိစ္ဆာသခင်ငယ်မှာ အကြည့်မလွဲသည့်
ရှောင်းကျန့် ကိုထပ်မံ စနောက်လိုက်သည်....

ရှောင်းကျန့် ခေါင်မိုးထပ်ကို ရောက်ကတည်းက ထိုမိစ္ဆာသခင်ငယ်ကို စိုက်ကြည့်နေခဲ့ခြင်းပင်....

ရှောင်းကျန့်အနေနဲ့ ထိုမိစ္ဆာသခင်ငယ်ကို တွေ့သည်မှာ ယခု တစ်ကြိမ်နဲ့ဆို ၃ကြိမ်မြောက် ရှိပြီ ဖြစ်သော်လည်း အခု နောက်ဆုံးအကြိမ်မှသာ အနှီမိစ္ဆာသခင်ငယ်၏ ရုပ်ကို အတိအလင်း
မြင်ရခြင်းသာ...

ယခင်အချိန်တွေတုန်းက အမှောင်ထဲမှာ ဖြစ်နေသည့်အတွက် လူသားရိပေါ်နဲ့ တူညီသည်ဆိုရုံမျှသာ ထင်ခဲ့သည်....

ယခု ရှောင်းကျန့်အမြင်တွေ ဝေဝါးနေခဲ့ခြင်းသာ...

ထိုမိစ္ဆာ ကောင်က လူသားရိပေါ်ထက် ပိုချောသည်....

မျက်ဆံရဲရဲတွေက နေရောင်အောက်မှာ ကြယ်ရောင်အလား လင်းလက်နေသည်....

နဖူးရှိ နီစွေးသည့်အမှတ်က ဝင်းမွတ်နေသည့် အသားအရေ ပေါ်မှာ ပို၍ အသရေ တင့်နေသည်...

နက်မှောင်တဲ့ ဆံနွယ်ရှည်ရှည် တို့က ကျောပြင်တစ်လျှောက် ရေတံခွန်ပမာ ဖြာကျနေသည်...

"ဟားဟား....တကယ့်ကို... ကိုယ့်ရဲ့နတ်ဘုရားလေး ကို ဆွဲဆောင်နိုင်ခဲ့တာပဲ...."

ထိုမိစ္ဆာ သခင်ငယ်က ရယ်သွမ်းသွေးလျှက် ထပ်မံ စကားဆိုလိုက်သည်.....

"ပေါက်ကရတွေ.... "

ရှောင်းကျန့် စကားလမ်းကြောင်း လွှဲလိုက်ပြီး
နှာဖျားကို လက်နဲ့ပွတ်နေသည်....

"ကိုယ့်နတ်ဘုရားလေး အလိုကျပါပဲ...."

"ဟွန့်.....ဒါနဲ့ မင်းက ဒီလို နေ့ဘက်မှာ
လျှောက်သွားနေလို့ ရလို့လား...."

"ဟမ်...."

မိစ္ဆာ သခင်ငယ်မှာ နားမလည်သည့်
မျက်ဝန်းများဖြင့် ပြန်လည် စူးစိုက်
ကြည့်နေသည်...

The Same L💗VE (completed )Donde viven las historias. Descúbrelo ahora