Unicode & Zawgyi
(Unicode)
လရောင်သည်ကား ညအမှောင်ကို အလင်းဆောင်ကျဥ်းပေး၏။
နေမင်းသည်ကား လောကအပေါင်းကို ရောင်ခြည်ဖြာကျစေ၏။
ဝမ်ရိပေါ် ဆိုသည့် အနှီ လူသားအတွက်ကား ရှောင်းကျန့်သည်သာ သူ့ဘဝ၏ အလင်းရောင် လမ်းပြကြယ် ဖြစ်သည်။
အချစ်ကား လူတို့၏ အလိုလောဘထက် သာလွန်အံ့မထင်။ ဤ စကား မှန်၏။
ဝမ်ရိပေါ်သည်လည်း ထိုအခြင်းအရာက
မလွတ်မြောက်နိုင်ပေ။
သို့သော် ငြား ဝမ်ရိပေါ် အတွက်မူ ရှောင်းကျန့် သည်သာ သူ့ဘဝ၏ အလိုလောဘ ဖြစ်သည်။
ရှောင်းကျန့် သည်သာ သူ၏အတ္တဖြစ်၏။
သူ၏ အလိုလောဘ ပြည့်ဖို့ ရှောင်းကျန့် ကျိန်းသေ အသက်ပြန်ရှင်သန်စေမှ ရမည်။
ထိုအတွက် ဝမ်ရိပေါ် သူ့အနေနဲ့ ဘယ်အရာနဲ့မဆို လဲလှယ်ရန် အသင့်ဖြစ်လို့ နေချေပြီ။
ဝမ်ရိပေါ်... သူ့လက်ထဲက မိုးမခနွယ်လေးကို ဆက်လက် ပွတ်သပ်နေပြီး နှုတ်ခမ်းမှာ ကြည်နူးမှုတို့ ထင်ဟပ်နေသည်။
သူလဲလှယ်ရမည့် အရာသည်ကား သူ့အတွက် အရေးမကြီးလှသည့်အရာ ဖြစ်နေသယောင်။
ယခင်က ဝမ်ရိပေါ် အပေါ် အထင်သေးခဲ့
သည့် တစ်ဖက်လူမှာ ယခုအခါ အထင်မသေးဝံ့တော့ပေ။
သူ၏ စိတ်ထဲ၌ ဝမ်ရိပေါ်ကား လေးစားထိုက်ပေသည်။
အချစ်... ထိုအရာကား လှပသည်ဟု ထိုလူ့အနေနဲ့ ပထမဦးစွာ တွေးထင်လာမိခြင်းပင်။
"ကျွန်တော် တို့ အခုပဲ စကြတာပေါ့...."
ဝမ်ရိပေါ်၏ တည်ငြိမ်သည့် အသံက တစ်ဖက်လူ၏ အတွေးတို့ကို ဖြတ်တောက်ပစ်လိုက်သည်။
"အခု စလို့ မရသေးဘူး..."
ဝမ်ရိပေါ်မှာ မျက်မှောင်ကျုံ့လို့ သွား၏။
"ဘာဖြစ်လို့ မရတာလဲ..."
"ယင် ဓာတ်...အားများတဲ့ အချိန်ကို စောင့်ရမယ်..."
"ယင်...ဓာတ်...?"
"အင်း....ဒီကိစ္စက အလျင်လိုလို့ မရဘူး...
စောင့်ရမယ်..."
ВЫ ЧИТАЕТЕ
The Same L💗VE (completed )
Фанфикшнနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
