part 80

1.2K 114 7
                                        

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ် လက်ဟန်အမူအယာကို ပြီးဆုံးအောင် မလုပ်ရသေးခင်မှာပဲ သူ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသည်ဟု ခံစားရသောကြောင့် မော့ကြည့်လိုက်သည်။

ထိုအခိုက် ဝမ်ရိပေါ်မှာ ရှောင်းကျန့်၏
အကြည့်စူးစူးနဲ့ ရင်ဆိုင်လိုက်ရသည်။

ရှောင်းကျန့်မှာ သူ့နောက်ကျောဘက်က
မူမမှန်မှုကို ခံစားလာရ၍ နောက်လှည့်
ကြည့်လာသည့် အခိုက် ဤ အခြင်းအရာကို မြင်လိုက်ရခြင်းပင်။

ရှောင်းကျန့် ၏ နက်မှောင်နေသည့် မျက်ခုံးနှစ်ဖက်က တွန့်ချိုးကာ အေးစက်သည့် အရှိန်အဝါတို့ စိမ့်ထွက်လာခဲ့သည်။

"မင်း ဘာလုပ်နေတာလဲ..."

"ကျွန်တော်... "

ဝမ်ရိပေါ် ပြန်ဖြေ ဖို့ရာ အခက်တွေ့နေပါ၏။

ရှောင်းကျန့်၏ ဒီလို အမူအယာကို သူတစ်ခါမှ မမြင်ဖူးခဲ့ခြင်းကြောင့်လားတော့မသိ။
သူ့ရဲ့ စိတ်က မသိမသာ တုန်ခါကာ ကြောက်ရွံ့သွားမိသည်။

"မရူးမိုက်နဲ့...."

ရှောင်းကျန့်က အေးစက်စက် မှတ်ချက်တစ်ခု ထပ်မံ ပြု၏။

"အာ..."

ဝမ်ရိပေါ် နှာခေါင်းထိပ်လေးကို ခပ်ပါးပါး ပွတ်သပ်လိုက်ပြီး...

"ကျွန်တော်.... ဝိဉာဥ် စွမ်းအား အနည်းငယ် သုံးရုံပါ....ဒါက မထိခိုက်စေပါဘူး...မစိုးရိမ်ပါနဲ့.... ကျွန်တော် ရှောင်းကျန့်ကို ကာကွယ်ပေးမှာ..."

ဝမ်ရိပေါ် အားမာန်အပြည့်နဲ့ သူ့ရင်ဘတ်ကို လက်သီးစုတ်နဲ့ အနည်းငယ် ထုရိုက်လိုက်သည်။

"ဝမ်ရိပေါ်....မင်း ငါ့ကို အရူးထင်နေလား..ဒီလက်ဟန်အစီအရင်ကို မသိရလောက်တဲ့အထိ ငါက ရူးနေမိလို့လား...ဒါမှမဟုတ်
တုံးနေလို့လား...."

ရှောင်းကျန့်၏ ဒေါသတကြီး အော်သံနဲ့အတူ ဝမ်ရိပေါ်၏ အက်ျီကော်လာသည်လည်း ဆောင့်ဆွဲခံလိုက်ရသည်။
ပထမတစ်ခေါက် ဝမ်ရိပေါ် ထိုလက်ဟန်အစီအရင်ကို သုံးလိုက်တုန်းက ရှောင်းကျန့်မှာ
မူချင်းဖန် နဲ့ တိုက်ခိုက်နေသည်မို့ မမြင်လိုက်ပေ။ ထိုအချိန်က မြင်လျှင်လည်း ရှောင်းကျန့် မှာ သေချာပေါက် တားမြစ်လိမ့်မည်။

"ကျွန်တော်... "

The Same L💗VE (completed )Where stories live. Discover now