intro

41.1K 1.4K 101
                                    

❤Unicode

"မင်္ဂလာပါ host ကျွန်တော်တို့ရဲ့ system 1008 ကနေကြိုဆိုပါတယ်''

ရှောင်းကျန့်သူ့အရှေ့က လေထဲမှာဟိုပြေးဒီပြေးလုပ်နေတဲ့ ယုန်ဖြူကောင်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။

'ငါ့ကို သေရမယ်ဆိုရင်လည်း ေအးအေးဆေးဆေးပေးသေကြပါဟ..ဘောမို့ system ထဲဆွဲသွင်းရတာလား '

ရှောင်းကျန့်တစ်ယောက် ကိုယ့်အဖြစ်ကိုယ်စိတ်လေလွန်းလို့ ခေါင်းတွေချည်း တဗြင်းဗြင်းကုတ်ပစ်လိုက်တယ်..။

တက္ကသိုလ်ကအပြန် လမ်းမှာ ဟေးလားဝါးလားလာလုပ်နေတဲ့ကောင်တွေနဲ့ နပန်းသတ်နေရာကနေ ဘယ်လိုဖြစ်လို့ system ထဲရောက်လာရတာလဲ..။ ကျောင်းလူမိုက်၊ လမ်းသရဲက system ထဲရောက်လာတာ ကြားလို့တောင်မကောင်းဘူး..။

System လေးက သူ့အရှေ့မှာ မဲ့ရွဲ့နေတဲ့ host ဖြစ်သူကို အေးအေးဆေးဆေး လေထဲပတ်ဆော့နေရင်း ကြည့်နေလိုက်တယ်။ ဒီ host ကိုလက်မခံခင်ကတည်းက host ရဲ့နောက်ကြောင်းတွေအကုန်လုံးကို systemလေးက စုံစမ်းခဲ့ပြီးသား။ အဲ့တော့..အေးဆေးပဲ။

"system ဆိုတဲ့အကောင် ဆက်ပြော​ေလ..အ,သွားတာလား ''

အချောင်သက်သက် အအော်ခံလိုက်ရတဲ့ system လေးက နှာမှုတ်လို့ လေထဲကနေဆင်းပြီး ​ရှောင်းကျန့်ဆီကို သူ့ရဲ့ခြေထောက်တိုတိုလေးတွေနဲ့ လျှောက်လာတယ်။

"အခု host ရဲ့ အရင်ခန္ဓာကိုယ်က host နဲ့ရန်ဖြစ်ခဲ့တဲ့ လူတွေထဲကတစ်ယောက်က ဓားနဲ့ထိုးလိုက်လို့သေဆုံးသွားပါပြီ..အခု system ကပေးမယ့် mission တွေကို ပြီးဆုံးအောင်လုပ်မယ်ဆိုရင်တော့ host အတွက် အကောင်းဆုံးတွေပဲရရှိလာမယ်ဆိုတာ အာမခံနိုင်ပါတယ်''

"ရည်းစားရောရမှာလား ''

ရှောင်းကျန့်က သူ့ရှေ့ကယုန်ဖြူကောင်ကို သူသိချင်တဲ့ကိစ္စကို မေးလိုက်တယ်။ ရည်းစားတောင်တစ်ယောက်မှမထားရဘဲ သူကသေခဲ့ရတာလေ..။ system ထဲမှာတော့ ရည်းစားရမှကိုဖြစ်မှာ..။

"ရည်းစားရမှာကျိန်းသေပါတယ် host ''

"mission ရှုံးရင် ဘာဖြစ်မှာလဲ ''

"ဘဝဆက်တိုင်း fa ဘဝနဲ့ အရိုးထုတ်သွားရပါလိမ့်မယ် host ''

"ဘုရား ဘုရား ရက်စက်လှချည်လား ''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now