arc 9.1 ပန်စူးလျဲ့

7.3K 643 32
                                    

❤Unicode

စာလုံးပေါင်းမစစ်ထားလို့ အမှားပါရင် နားလည်ပေးပါနော်

"System နယ်မြေမှ ပြန်လည်ကြိုဆိုပါတယ် host၊ mission တွေအောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်''

"သောက်ကြီးသောက်ကျယ်တွေ ပြောပြန်ပြီ၊ point တွေမြန်မြန်တွက်ပေး ပြီးရင် နောက်ကမ္ဘာကိုပို့တော့''

"ဟွန့်! သောက် host သောက်ကောင်းကိုပြောလို့မရဘူး''

"Bunny မင်းမိုက်ရိုင်းလိုက်တာ လူမိုက်ကောင်''

"Host နဲ့အနေနီးလို့ host ဆီကဓာတ်တွေ ကူးသွားတာပါနော်၊ ဒါ bunny လေးအပြစ် နည်းနည်းလေးမှမပါဘူး''

"သောက်ရူးကောင် point တွေအမြန်မြန်တွက်ပေးတော့''

ရှောင်းကျန့် လေကျယ်နေတဲ့ bunny ကို ခြေထောက်နဲ့ကန်ထုတ်ကာ မျက်စောင်းထိုးလိုက်သည်။ ဒီဟာလေး တကယ်ကို မိုက်ရိုင်းလာတာ။

"Point တွေစတွက်ပါမယ် host၊ အရင်ကမ္ဘာမှာရခဲ့တဲ့ point က 7000 ပါ၊ ပြီးခဲ့တဲ့ကမ္ဘာမှာ mission အောင်တဲ့အတွက် point 1000 ရပါတယ်၊ အားလုံးပေါင်း point 8000 ရှိသွားပါပြီ၊ နောက်ကမ္ဘာအတွက် လိုအပ်တဲ့ skill တွေကို host ရဲ့မှတ်ဉာဏ်ထဲ ထည့်ပေးလိုက်ပါပြီ၊ ကမ္ဘာကူးပြောင်းတော့မလား host''

"အင်း''

"ကမ္ဘာကူးပြောင်းခြင်းစတင်နေပါပြီ 5..4..3..2..1..0''

Bunny ရဲ့စကားဆုံးတာနဲ့ အဖြူရောင်အလင်းတန်းတစ်ခုက ရှောင်းကျန့်ကို ဆွဲခေါ်သွားတော့သည်။

ရှောင်းကျန့် ရောက်ရောက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ အထည်တစ်ရာလောက်ရှိတဲ့ ဝတ်စုံတွေနဲ့ အဝတ်ရိုက်လျှော်တဲ့ သစ်သားတုတ်တစ်ချောင်းကို တွေ့ရသည်။ အရှေ့မှာလည်း မြစ်တစ်ခုရှိနေကာ သူ့အရှိန်နဲ့သူ စီးဆင်းနေသည်။

လက်ဝါးက စပ်ဖျဥ်းဖျဥ်းနာကျင်မှုကြောင့် ကြည့်လိုက်တော့ အရည်ကြည်ဖုလေးတွေကနေ ပေါက်ပြဲနေပြီး အနာတွေဖြစ်နေခြင်းဖြစ်သည်။

ရှောင်းကျန့် သူ့ရှေ့ကမြစ်ထဲကို ငုံ့ကြည့်လိုက်တော့ သူဝင်ထားတဲ့ကိုယ်က  တော်တော်ကိုလှတဲ့ကောင်လေးတစ်ယောက်ပင်။ နဖူးရဲ့အလယ်တည့်တည့်မှာ ပန်းရောင်ဖျော့ဖျော့ အမှတ်လေးတစ်ခုလည်း ရှိနေသေးသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now