arc 8.6 Rhiyo Max

6.2K 702 26
                                    

❤Unicode

A အခြေစိုက်စခန်းရဲ့ ဆေးကုသခန်းထဲမှာ ဇက်နဲ့ေဇးဟာ မျက်နှာချင်းဆိုင်လျက်ရှိနေ၏။

"ဒုခေါင်းဆောင် ကျွန်တော့်ဆီလာတာ ဘာကိစ္စရှိလို့လဲ''

"မက်စ်ကို မထိနဲ့ သူကငါ့လူ''

"ဟက်!''

ေဇးရဲ့စကားကိုကြားတော့ ဇက်က ဟက်ခနဲရယ်လာ၏။

"ဒုခေါင်းဆောင်ပြောချင်တာကို ကျွန်တော်နားလည်တယ်၊ ဒါပေမယ့် ဒုခေါင်းဆောင်နဲ့မက်စ်က တရားဝင်လက်မထပ်ရသေးသ၍ ကျွန်တော့မှာ ကြိုးစားပိုင်ခွင့်အပြည့်အဝရှိတယ်''

"မက်စ်က မင်းကိုမချစ်ဘူး''

"ဟွန်း ဒုခေါင်းဆောင်က ဘယ်လိုယုံကြည်ချက်တွေနဲ့ပြောနိုင်တာလဲ၊ အဲ့လိုပြောလိုက်တိုင်း ကျွန်တော်က လက်လျှော့သွားမယ်ထင်နေတာလား၊ မက်စ်ပြန်ချစ်လာအောင်လုပ်ဖို့ ကျွန်တော့်မှာ နည်းလမ်းတွေအမ​ျားကြီးရှိတယ်''

ဇက် သူပြောသာပြောလိုက်ရပေမယ့် မက်စ်က သူ့ကိုပြန်ချစ်မှာမဟုတ်ဘူးဆိုတာ သူသိပါသည်။ မက်စ်က ေဇးကို ဘုကန့်လန့်တွေချည်းပြောနေလုပ်နေပေမယ့် မက်စ်ရဲ့ ေဇးအပေါ်မှာရှိနေတဲ့အချစ်တွေကို ဘေးလူတောင်မြင်နေရသည်။

"ဟက်! မင်းဘယ်လိုနည်းပဲသုံးသုံး အသုံးမဝင်ဘူး''

ေဇးက ဇက်ကိုပြောပြီးတာနဲ့ ဇက်ရဲ့အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ သူ့ရဲ့စိတ်နဲ့ဆို မက်စ်ကိုပြစ်မှားတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းရှင်းပစ်လိုက်မှာဖြစ်ပေမယ့် ဇက်ဟာ မက်စ်ကိုကာကွယ်ပေးခဲ့တာကြောင့် လွှတ်ပေးလိုက်တာဖြစ်သည်။

ေဇး ဇက်ဆီကပြန်လာပြီး အခုလောက်ဆို အိပ်ပျော်နေလောက်ပြီဖြစ်တဲ့ မက်စ်ရဲ့အခန်းဆီကို ထွက်လာခဲ့လိုက်​ေတာ့သည်။
-
-
-
'ဒါဆို ဇက်က ငါ့ကိုကြိုက်နေတာပေါ့'

'ဟုတ်ပါတယ် host'

'ဟင်းး ရုပ်ချောရတာလည်း လွယ်ကူမနေပါလားနော်'

ရှောင်းကျန့် bunny ပြန်ပြောပြလာတဲ့အကြောင်းတွေကို နား​ေထာင်ပြီး သက်ပြင်းအရှည်ကြီးချကာ စောင်ကိုခေါင်းထိဆွဲခြုံပစ်လိုက်သည်။ သူ့စကားကြောင့် မဲ့ရွဲ့သွားတဲ့ bunny ကိုတော့ လျစ်လျူရှုထားလိုက်ပါသည်လေ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now