arc 8.1 Rhiyo Max

10.8K 851 43
                                    

❤Unicode

"ရှောင်းကျန့်! ငါလုံးဝခွင့်ပြုမပေးနိုင်ဘူး!''

"ကျုပ်ကလည်း ခင်ဗျားဆီက ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး၊ ကျုပ်ရဲ့လုပ်ငန်းတွေမှာ ဝင်မရှုပ်ဖို့ အသိပေးနေတာ''

ပတ္တမြားရောင် တဖိတ်ဖိတ်တောက်နေတဲ့ ခန်းမကြီးထဲမှာရှိနေတဲ့ တစ်ခုတည်းသောပုလ္လင်ကြီးပေါ်မှာ ကြီးမြတ်တဲ့အရှိန်အဝါတွေနဲ့ လူတစ်ယောက်ထိုင်သည်။ ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီရဲ​ေနတဲ့ထိုလူက ခန်းမရဲ့အလယ်တည့်တည့်မှာရပ်နေတဲ့ လူငယ်လေးကိုလည်း စူးရဲစွာစိုက်ကြည့်နေသေးသည်။

အယောက်တစ်ရာမကတဲ့လူတွေက ခန်းမရဲ့တစ်ဖက်တစ်ချက်စီမှာ ရပ်ကာကြည့်နေကြပေမယ့် လူငယ်လေးကတော့ ဘာတစ်ခုကိုမှဂရုမစိုက်ဟန် မျက်နှာကိုတည်တင်းထား၏။

"ငါက မင်းရဲ့ခမည်းတော်ဆိုတာကိုရော မင်းသတိရသေးရဲ့လား!''

"ဒါက ခင်ဗျားဘ​က်က တစ်ဖက်သတ် သတ်မှတ်ထားတဲ့ သွေးသားတော်စပ်မှုပဲ၊ ကျုပ်ရဲ့ဘဝမှာ ​ကျုပ်ခမည်းတော်က လွန်ခဲ့နဲ့နှစ်ပေါင်း ၄၀၀ ကတည်းက သေဆုံးသွားခဲ့ပြီ''

"မင်းတို့ကယောက်ျားလေးတွေချည်းပဲ မဖြစ်နိုင်ဘူးဆိုတာ မင်းမသိဘူးလား''

"ကျုပ်ပြောပြီးပြီ ကျုပ်သာလုပ်ချင်ရင် ဘယ်သူကတားရဲမှာလဲ၊ ထပ်ပြောမယ် ခင်ဗျားဆီ​က ကျုပ်ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး၊ အသိပေးနေတာ၊ ကျုပ်က ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်ဘူးဆိုတာ ခင်ဗျားအသိဆုံးပါ ဟုတ်တယ်မလား ဟက်!''

တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲမှာ လူငယ်လေးရဲ့အသံက အေးစက်စွာထွက်ပေါ်လို့နေသည်။ ထိုလူငယ်ရဲ့စကားအဆုံးမှာ ပုလ္လင်ပေါ်ကလူက အသက်ကိုပြင်းပြင်းရှူကာ သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်၏။ သူပြောလို့မရတော့တာကိုိသိတဲ့အတွက် စိတ်လျှော့လိုက်တဲ့ပုံပင်။

"ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိပါစေရှောင်းကျန့်၊ မင်းရဲ့လူကို ခေါ်လိုက်''

ထိုလူရဲ့စကားဆုံးတာနဲ့ လူငယ်လေးရဲ့ညာဘက်​ြခမ်းမှာ အနက်ရောင်အငွေ့လုံးကြီးပေါ်လာပြီး နက်နေဆွေးနေတဲ့ဝတ်ရုံကို ဆင်မြန်းထားတဲ့ ခန့်ညားတဲ့အမျိုးသားတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုအချင်းအရာကိုတွေ့တာနဲ့ ခန်းမကြီးထဲမှာရှိနေတဲ့ လူတွေအားလုံး တုန်လှုပ်သွားကြရသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now