arc 2.8 ကူရာ

10.2K 1K 18
                                    

❤Unicode

"မလှုပ်နဲ့..ငြိမ်ငြိမ်နေ''

ရှောင်းကျန့်က သူ့ကိုနူးနူးညံ့ညံ့လေးကြည့်ပြီး​ပြောနေတဲ့ ဟာရာကြောင့် စိတ်ထဲကနေဟားတိုက်ရယ်နေလိုက်တယ်။ ဘာလို့ဆို ဇာတ်လိုက်မရဲ့မျက်နှာကြီးက ခုနှစ်ဘဝစာလောက် အိုစာသွားလို့..။

"ဟာရာ..လူရှိတယ်လေ''

"ဒီတိုင်းပဲနေ..မင်းကကိုယ့်အတွက်အရေးအကြီးဆုံးပဲ''

ဟာရာရဲ့စကားကြောင့် ဇာတ်လိုက်မရဲ့မျက်နှာက လုံးဝကိုပျက်ထွက်သွားတယ်။ ဘာလို့ဆို ဟာရာက သူမကိုအရေးမကြီးဘူးလို့ သွယ်ဝိုက်ပြီးပြောလိုက်တာကြောင့်ပင်။ ဒါကိုသိတဲ့ရှောင်းကျန့်က ဇာတ်လိုက်မကိုကြည့်ပြီး ​လှောင်ပြုံးပြုံးလိုက်တယ်။ ဒေါသတွေနဲ့ နင်ပြီးသေစမ်းဇာတ်လိုက်မ။

"မင်းက ဒီကိုဘာလာလုပ်တာလဲ..မင်းနဲ့ယှဥ်ပြိုင်ဖို့အတွက် ငါ့မှာအချိန်မရှိဘူး''

ဟန်နာက ဟာရာရဲ့ ရင့်ရင့်သီးသီးစကားတွေနဲ့ သူ့ကိုကြည့်နေတဲ့ လှောင်ရယ်နေတဲ့ မျက်လုံးတစ်စုံကြောင့် သူမရဲ့လက်သီးတွေကို တင်းနေအောင်ဆုပ်မိသွားတယ်။ ဒါပေမယ့် သူမရဲ့ပုံစံကို ပြန်ထိန်းလိုက်ပြီး ဟာရာကိုပြုံးပြုံးလေးပဲ စကားပြန်ပြောလိုက်တယ်။

"သိုင်းပြိုင်ပွဲမှာ ဟန်နာရဲ့ပြိုင်ဘက်က ကူရာလေဟာရာရဲ့..မပြိုင်ခင်နှစ်ယောက်အတူတူ သိုင်းကစားကြည့်ချင်လို့လာခဲ့တာပါ''

ဟန်နာရဲ့စကားကြောင့် ဟာရာရဲ့မျက်ခုံးတွေက အလိုမကျသလို တွန့်ချိုးသွားတယ်။

"ကောင်းတာပေါ့..ကျွန်တော်ကလည်း ဟန်နာနဲ့သိုင်းကစားချင်နေတာ..အတော်ပဲဖြစ်သွားတာပေါ့''

"မရဘူး..အချစ်''

"ကျွန်တော်ဘာမှမဖြစ်ပါဘူး။ သိုင်းကစားရုံ​လေးပဲဟာ..တကယ်ပြိုင်တာမှမဟုတ်တာ''

ရှောင်းကျန့်က ဟာရာကိုမျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီး ချွဲလိုက်တယ်။ ဇာတ်လိုက်မလာတယ်ဆိုတာ အကြောင်းရှိတယ်။ သူနဲ့သိုင်းကစားပြီး သူ့ကိုအဆိပ်မိအောင်လုပ်ဖို့လာခဲ့တာ..။ ဇာတ်လိုက်က သူ့ရဲ့စကြာတွေမှာ ပန်းဝတ်မှုန်အဆိပ်တွေသုတ်ထားတယ်။ ရှောင်းကျန့်ဒဏ်ရာသေးသေးလေးရသွားရင်တောင် အဆိပ်မိသွားမှာဖြစ်တယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now