arc 7.1 ရန်ကျော်

9.9K 864 192
                                    

❤Unicode

"Host ရေ ဘာမှမဖြစ်ဘူးလေနော်၊ ကျွန်တော်တောင်းပန်ပါတယ်ဗျာ၊ မငိုတော့နဲ့နော် တိတ်တိတ်၊ ဒီမှာ host လူကြီးက voice message ပို့ထားတယ်၊ နားမထောင်တော့ဘူးလား''

"ဟင့်! အသံ message က ဘယ်လိုပို့တာလဲ အင့်!''

"ဟင်းးး''

မျက်ရည်လည်ရွဲနဲ့မေးလာတဲ့ host ဖြစ်သူကြောင့် bunny သက်ပြင်းလေးချပြီး သူ့ရဲ့လက်ပိစိလေးတစ်ဖက်ကို ဖြန့်လိုက်သည်။ ထိုအခါ သူ့ရဲ့လက်ပိစိလေးပေါ်မှာ အနက်ရောင်တောက်နေတဲ့ ေတာင်ပံလေးတွေမှာ ရွှေရောင်အနားကွပ်ထားတဲ့ ထည်ဝါလှတဲ့လိပ်ပြာလေးတစ်ကောင် လာနားသည်။

"Host လက်နဲ့ထိလိုက်''

Bunny ရဲ့စကားကို ရှောင်းကျန့်နားထောင်လိုက်ပြီး သူ့ရဲ့လက်ညှိုးထိပ်လေးနဲ့ လိပ်ပြာလေးကိုထိလိုက်သည်။

"ရှောင်းရှောင်း ကိုယ့်ရဲ့အချစ်လေး ဝမ်းမနည်းပါနဲ့၊ ကိုယ်တိုင်လာတွေ့လို့မရပေမယ့် ရှောင်းရှောင်းလေး မျက်ရည်မကျရဘူးနော်၊ အချစ်မျက်ရည်ကျနေရင် နောက်ကမ္ဘာတွေကို ကိုယ်လိုက်မလာဘဲနေပစ်လိုက်မှာ၊ ကိုယ့်ကိုယ်ကို အပြစ်မတင်ရဘူးနော်၊ ဒါက ကံကြမ္မာစမ်းသပ်ချက်မို့ အချစ်ကစိတ်ခိုင်ခိုင်ထားရမယ်၊ ကမ္ဘာတွေပြီးရင် ကိုယ်တို့အပြင်မှာတွေ့ကြမယ် ဟုတ်ပြီလား ချစ်တယ်နော် ရှောင်းရှောင်း ကိုယ့်ရဲ့အချစ်လေး မွစ်!''

ဩရှရှအသံလေးကိုနားထောင်ပြီး မျက်ရည်တွေကြားကနေ ရှောင်းကျန့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေမိသည်။ ပြီးတော့မှ တစ်ခုခုတွေးမိသွားကာ မျက်ရည်တွေကို ကမန်းကတန်းသုတ်ပြီး bunny ကိုစိုက်ကြည့်လိုက်သည်။

"ဘာ ဘာကြည့်တာလဲ''

"မင်းငါ့ကို ဂျင်းထည့်တာမှတ်လား ပိစိကွေးကောင်!''

"ဘယ်မှာဂျင်းထည့်လို့လဲ၊ ကျွန်တော်ကတာဝန်အရလုပ်ရတာလေ၊ ဘာလို့ ကျွန်တော့်ကိုအပြစ်လာတင်နေရတာလဲ''

Bunny ေလးက ဂျင်းထည့်တာမှန်ပေမယ့် တကယ်လည်း တာဝန်အရလုပ်တာပဲလေ။ မဟုတ်ရင် ကိုယ့်ရဲ့ host တစ်ယောက်လုံး ရင်ကွဲနာကျနေတာကို ထိုင်ကြည့်ရက်ပါ့မလား။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now