arc 3.6 ရှီးယွဲ့လျန်

9.7K 1K 37
                                    

❤Unicode

"ဆရာ..ပန်းသီးလေး''

"ဆရာ..ရေလေးတစ်ခွက်လောက်''

"ဆရာ အိမ်သာတက်ချင်လို့''

"ဆရာ....ဆရာ.....ဆရာ...''

"ကျိုးရိရန်!''

"ဂျာ..ဆရာ..''

"မင်း! မင်းငါ့ကိုဘယ်ကတည်းကခိုင်းစားချင်နေတာလဲ''

ရှောင်းကျန့် သူ့ကိုတစ်ခုပြီးတစ်ခုခိုင်းစားနေတဲ့ ရိရန်ကြောင့် တဖြည်းဖြည်းနဲ့ သောက်မြင်ကပ်လာတယ်။ မလုပ်ပေးချင်လို့မဟုတ်ပေမယ့် တမင်လျှောက်ခိုင်းနေတဲ့သကောင့်သားကြောင့် စိတ်ကတော့တကယ်မရှည်တော့ပေ။

သူအော်လိုက်တော့ ကုတင်ပေါ်ကနေ သွားဖြီးပြတဲ့ရိရန်က ကလေးလိုလိုခွေးလိုလိုနဲ့..။ဒီဟာလေးကသူ့ချစ်သူဆိုတာကို ယုံတောင်မယုံချင်တော့ဘူး။ ရှောင်းကျန့်​ပြောလည်းမနိုင်မှန်းသိတာကြောင့် ပါးစပ်သာပိတ်နေလိုက်တော့တယ်။

"ရိရန်..သားလေး ဘယ်လိုဖြစ်​တာလဲကွယ်''

ညနေပိုင်းလောက်ရောက်မှ ရိရန်နေတဲ့မိဘမဲ့ဂေဟာက ဂေဟာမှူးကြီးက ဆေးရုံကိုရောက်လာတယ်။ ရှောင်းကျန့်လည်း နှစ်ယောက်တည်းစကား​ပြောရအောင်လို့ အပြင်ကိုထွက်လာခဲ့ပေးလိုက်တယ်။

'Bunny ရိရန်ကိုလုပ်သွားတဲ့ကောင်တွေအကြောင်းသိရပြီလား'

'သိရပါပြီ host..အဲ့ထဲကတစ်ယောက်က host ဒီကမ္ဘာကိုစရောက်တဲ့နေ့က ပြဿနာဖြစ်တဲ့တစ်ယောက်ပါ..သူက host နဲ့ ရိရန်ကို မကျေမနပ်ဖြစ်နေတာ..ပြီးတော့ အဲ့ကောင်က ဇာတ်လိုက်မနဲ့ ဆွေမျိုးမကင်းပါဘူး host...နောက်နှစ်ကောင်ကတော့ နောက်လိုက်ခွေးတွေလို့ပြောလို့ရပါတယ်..အဲ့ကောင်ရဲ့နာမည်က ယွင်ရှန်းပါ host''

"သူတို့ဘယ်နေရာတွေအများဆုံးသွားတတ်လဲ..ဥပမာ club တို့ bar တို့ပေါ့''

"အဲ့ကောင်တွေက ပရမ်းပတာပါ host ရာ..ညတိုင်း club တက်နေတာ..ဒါနဲ့ host ကဘယ်လိုလုပ်မှာလဲ''

"ဟက်! ပြောလိုက်ရင် ဘယ်ပျော်စရာကောင်းတော့မလဲ''

Bunny လေးက သူ့ host ရဲ့အပြုံးကြီးကို ကြည့်ပြီး ကြက်သီးတွေထလာတယ်။ ငါးကောင်တို့ရေ..အမွှေးတိုင်ကြိုထွန်းပေးလိုက်ပါတယ်..အမျှ..အမျှ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now