arc 6.3 ဂန်ဂျွန်ဟီး

7.4K 898 71
                                    

❤Unicode

အခုရှောင်းကျန့်တို့ G City ရဲ့မြို့လယ်မှာ ဖြစ်သွားတဲ့လူသတ်မှု တစ်ခုဆီကို ပြည်သူတစ်ယောက်ရဲ့သတင်းပေးမှုကြောင့် ရောက်နေကြသည်။

အသတ်ခံရတဲ့လူက မြို့ရဲ့မျက်နှာဖုံးသူဌေးတစ်ယောက်ဖြစ်ပြီး ဇနီးနဲ့သားတစ်ယောက်၊ သမီးတစ်ယောက်ရှိသည်။ အိမ်ကိုပြန်နေရင်း လူရှင်းတဲ့နေရာမှာ အသတ်ခံခဲ့ရတာကြောင့် မျက်မြင်သက်သေမပြောနဲ့ CCTV မှတ်တမ်းတွေပြန်ရှာဖို့တောင် CCTV က တစ်လုံးတောင်ရှိမနေပေ။

"Captain ဒီလူက မြို့ရဲ့မျက်နှာဖုံးတစ်ယောက်ပဲ၊ ဒါပေမယ့် ဘာလို့ LEO လဲ''

ရှောင်းကျန့် ထယ်ဂျူနားမှာ ရပ်လိုက်ပြီး သေဆုံးသွားတဲ့လူကို ကြည့်ကာပြောလိုက်သည်။ ထိုလူရဲ့မျက်နှာပေါ်မှာ ကြက်ခြေရာခတ်ပုံစံ ဓားရာကြီးရှိနေပြီး အင်္ကျီပေါ်မှာ သွေးတွေနဲ့ LEO ဆိုပြီးရေးထားသေးသည်။

နဖူးတည့်တည့်မှာ သေနတ်နဲ့ပစ်ခံထားရပြီး လက်ချောင်း တစ်ချောင်းချင်းစီတိုင်းက ကြေမွနေအောင် အချိုးခံထားရသည်။ အကုန်လုံးထဲမှာပိုဆိုးတာက ထိုလူရဲ့ငယ်ပါ အဖြတ်ခံထားရတာပင်။

"ဒါ LEO ဂိုဏ်းရဲ့လက်ချက်မဟုတ်ဘူး''

"Captain ဘာကိုဆိုလိုတာလဲ''

သေဆုံးသူအနားမှာ ထိုင်ပြီးစစ်ဆေးနေရာကနေထရပ်ပြီး ပြောလာတဲ့ထယ်ဂျူရဲ့စကားကို ရှောင်းကျန့်က နားမလည်သလို ပြန်မေးသည်။ အင်္ကျီမှာ LEO လို့ရေးထားတာတောင် ထယ်ဂျူက ဘာလို့ LEO ရဲ့လက်ချက်မဟုတ်ဘူးလို့ ပြောရတာလဲ။

သူတွေးနေတာကိုသိတဲ့ ထယ်ဂျူက သေဆုံးသူကို လက်ညှိုးထိုးပြသည်။

"LEO ဂိုဏ်းက လူသတ်တော့မယ်ဆိုရင် လည်ပင်းကိုဓားနဲ့တစ်ချက်ပဲဖြတ်တယ်၊ ဒါမှမဟုတ် နှလုံးတည့်တည့်ကို သေနတ်နဲ့ တစ်ချက်ပဲပစ်တယ်၊ ခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်ဘူး''

"ခင်ဗျားကဘယ်လိုသိတာလဲ''

ရှောင်းကျန့်မေးလိုက်တော့ ထယ်ဂျူက မသိမသာသက်ပြင်းချပြီး သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်လာသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now