arc 9.4 ပန်စူးလျဲ့

5.8K 623 26
                                    

❤Unicode

'Bunny မင်းပြောတော့ လိုအပ်တဲ့စကေးတွေအကုန် မှတ်ဉာဏ်ထဲထည့်ပေးထားတယ်ဆို'

'ဟုတ်တယ်လေ host'

'အဲ့ဒါဆို ဒီချည်ထိုးတာလေးကိုတောင် ဘာလို့ခက်ခဲနေရတာလဲ မင်းငါ့ကိုဂျင်းထည့်နေတာလား'

ရှောင်းကျန့် bunny ကိုစိတ်ပျက်လက်ပျက်ပင် ပြောလိုက်မိသည်။ ကောတွေနဲ့မိန်းကလေးတွေအတွက် သင်ပေးတဲ့ ချည်ထိုးပညာရပ်မှာ ရှောင်းကျန့်က နံပါတ်တစ်ကို ဗိုလ်ဆွဲထားသည်။ နောက်ဆုံးကရေရင် ပြောပါတယ်။

မှတ်ဉာဏ်ထဲကို ထည့်ပေးတဲ့ skill တွေမှာ ထိုပညာပါမလာတာမို့ ရှောင်းကျန့်မှာ bunny ကိုမျက်စောင်းတထိုးထိုး။ Bunny ကလည်း သူ့ host ကိုလျစ်လျူရှုထားသည်။ မဟုတ်ရင် သူပဲနားမုဒိန်းကျင့်ခံရမှာမဟုတ်လား။

"ဟူး ဘာလို့ဒီလောက်တောင်ခက်ခဲနေရတာလဲ လက်ထိပ်လေးတွေတောင် နီကုန်ပြီ''

ရှောင်းကျန့် အပ်ရာလေးတွေတောင် ထင်နေပြီဖြစ်တဲ့ သူ့ရဲ့လက်ချောင်းထိပ်လေးတွေကိုကြည့်ပြီး ရှံ​ု့မဲ့မဲ့လေးဖြစ်သွားသည်။

"ဟက်! ဒီပန်းလေးတောင် အဖြစ်ရှိအောင်မထိုးနိုင်ဘူး အသုံးမကျလိုက်တာ''

ခနဲ့နဲ့နဲ့အသံကြားလို့ ရှောင်းကျန့်ကြည့်လိုက်တော့ ကျူးပန်းဖျာပင်။ ရှောင်းကျန့် ထိုတစ်ယောက်ရဲ့စကားကို လျစ်လျူရှုကာ လက်ထဲက ထိုးလက်စ ပန်းချည်ကိုသာ အာရုံစိုက်လိုက်သည်။

"မင်း! မင်းငါ့ကိုလျစ်လျူရှုရဲတယ် ပန်စူးလျဲ့ မင်းသေချင်နေပြီလား''

"ကျုးသခင်လေးက တကယ်ပဲ ဘာဖြစ်ချင်နေတာပါလဲ''

အသံတွေက အနည်းငယ်ကျယ်သွားတာကြောင့် အတန်းထဲကလူတွေ အကုန်လုံးလိုလိုက မသိမသာကြည့်လာကြသည်။ ရှောင်းကျန့်ပြောလိုက်တဲ့ စကားကိုကြားတော့ ကျူးသခင်လေးက မဲ့ပြုံးပြုံးကာကြည့်လာသည်။

"မင်းရဲ့လက်ရာက ဒီလောက်တောင်ဆိုးတာ ချည်ထိုးလာမသင်ဘဲ စားဖိုဆောင်မှာ သန့်ရှင်းရေးသွားလုပ်နေတာ အကောင်းဆုံးပဲလေ မဟုတ်ဘူးလား''

"အားနာပါတယ် ကျူးသခင်လေး ကျွန်တော့်မှာ စားဖိုဆောင်ကိုသန့်ရှင်းဖို့ ဆန္ဒမရှိပါဘူး''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now