arc 1.4

15.1K 1.2K 34
                                    

❤ Unicode

ရှောင်းကျန့် Daddy ကိုနှုတ်ဆက်ပြီး ကျောင်းထဲကိုဝင်လာလိုက်တယ်။ ဒီနေ့ရှောင်းကျန့်အရမ်းပျော်နေတယ်။ ဘာလို့ဆို သူနဲ့ Daddy နဲ့ ညကျရင် အပြင်မှာ dinner အတူတူသွားစားဖို့ချိန်းထားတာကြောင့်ပင်။

ကိုယ့်အပျော်နဲ့ကိုယ် ကြည်နူးနေတာမို့ သူ့ရဲ့ဘေးနားကို ဇာတ်လိုက်ကောင်ရောက်လာတာတောင် မသိလိုက်ဘူး..။ ဇာတ်လိုက်ကောင်က သူ့ရဲ့လက်ကိုအတင်းဆွဲခေါ်သွားတာကြောင့် ရှောင်းကျန့်မှာကြောင်အအနဲ့ ပါသွားရတယ်။ သူသတိဝင်လာတော့ ကျောင်းအနောက်ဘက်က အဆောင်ပျက်တွေနားတောင်ရောက်နေပြီ။

"လင်းလျန်ထျန်း မင်းဘာလုပ်တာလဲ ငါ့ကိုလွှတ်စမ်း!''

ရှောင်းကျန့်က ပြောလည်းပြော သူ့လက်ကို ဇာတ်လိုက်ကောင်လက်ထဲကနေ ဆောင့်ရုန်းလိုက်တယ်။

ဘာလဲ ဒီဇာတ်လိုက်ကောင်က ကျောင်းရဲ့အနောက်ဆောင်တွေဘက်ခေါ်လာပြီး သူ့ကိုလက်စဖျောက်ချင်နေတာလား။ ရှောင်းကျန့်ကို ဒါမျိုးလာလုပ်လို့မရဘူး။

"ရှောင်းကျန့်! "

"ဘာလဲ..မင်းကောင်မလျန်ဟွားကို ငါမကြိုက်ဘူး..​နှောင့်လည်းမနှောင့်ယှက်တော့ဘူး..ဒါကိုမင်းကဘာဖြစ်ချင်နေတာလဲ''

ရှောင်းကျန့်သူ့ကိုလာအော်နေတဲ့ ဇာတ်လိုက်ကောင်ကို ပြန်အော်ပစ်လိုက်တယ်။ ဒါကိုဇာတ်လိုက်ကောင်က ဒေါသကိုမြိုသိပ်ထားရသလိုနဲ့ အံကြိတ်ထားရတာ သွားတွေတောင်ကျိုးတော့မယ်ထင်တယ်။ ရုပ်ဆိုးလိုက်တာဆိုတာ သူ့Daddy ရဲ့ချောမောမှုရဲ့ ဖင်ဖျားတောင်မမှီဘူး။

system လေးကတော့ ဒုက္ခရောက်နေတာတောင် လင်ကိုအမွှန်းတင်နေနိုင်တဲ့ သူ့ရဲ့host ဖြစ်သူကို လျစ်လျူရှုလိုက်ပြီ။

"ခုနကဘယ်သူလဲ''

"ဘာကိုလဲလင်းလျန်ထျန်း..မင်းငါ့ကိုအာရုံလာမစားနဲ့..ငါပြဿနာမဖြစ်ချင်ဘူး''

ရှောင်းကျန့်က သူ့ကိုဒေါသနဲ့ပြောလာတဲ့ ဇာတ်လိုက်ကောင်ကြောင့် မျက်နှာကချက်ချင်းခက်ထန်သွားတယ်။ ရှောင်းကျန့်ဆိုတာ လူမိုက်တစ်ယောက်ပဲ။ Daddyရဲ့နာမည်ထိခိုက်မှာစိုးလို့သာ လိမ္မာပြနေတာ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now