arc 2.2 ကူရာ

12.8K 1.1K 71
                                    

❤Unicode

"ကူရာ..သက်သာရဲ့လား..ဘာလို့ကိုယ့်ကိုစိုက်ကြည့်နေတာလဲ..ကိုယ်မေးနေတာလည်းမဖြေဘူး..သက်သာရဲ့လားလို့''

"အင်...အင်း သက်သာပါတယ်''

ေရှာင်းကျန့်က သူ့အရှေ့ကဇာတ်လိုက်ကိုပဲ မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။ သူ့ Daddy က သူ့ရဲ့စကားအတိုင်း အတည်ကြီးလိုက်လာခဲ့တာပဲ။ ရှောင်းကျန့် ဝမ်းသာလွန်းလို့ မျက်ဝန်းထဲကနေ မျက်ရည်တွေ စီးကျလာတော့တယ်။

"ကူရာ..ဘာဖြစ်လို့လဲ ဘယ်နေရာနာနေလို့လဲ..မငိုပါနဲ့''

ဟာရာက သူ့ကိုတွေတွေလေးငေးကြည့်ပြီး မျက်ရည်တွေစီးကျလာတဲ့ ကူရာကြောင့် ပြာယာခတ်သွားရတယ်။ ပြီးတော့ ကူရာရဲ့ အရည်လဲ့နေတဲ့မျက်လုံးကြည်တောက်တောက်လေးတွေကိုကြည့်ပြီး သူ့ရဲ့နှလုံးခုန်သံတွေမြန်လာတာကို သတိထားမိသွားတယ်။

"ကူရာ''

"ဟင့်အင်း ကျွန်တော်ဘာမှမဖြစ်ပါဘူး ခေါင်းလေးနည်းနည်းမူးရုံတင်ပါ''

"တော်သေးတာပေါ့..ကိုယ်ကစိတ်ပူသွားတာ''

"ကျွန်တော့်ကြောင့် အလုပ်ပိုစေမိပြီ..ကျွန်တော်ဒီညပဲ ကြယ်ဂိုဏ်းကိုပြန်တော့မှာမို့ သွားခွင့်ပြုပါဦး..ပြီးတော့ ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်''

ရှောင်းကျန့်လှဲနေရာကနေ ကုတင်ပေါ်ကဆင်းကာ ထရပ်လိုက်တော့ ဟာရာက ခပ်မြန်မြန်ပဲ သူ့လက်ကိုလှမ်းဆွဲလာတာကြောင့် ရှောင်းကျန့်ခိုးပြုံးမိတယ်။ သူနေမကောင်းတဲ့အတွက် သူ့ချစ်သူက သူ့ကိုကြယ်ဂိုဏ်းကိုပြန်ခွင့်ပြုရင်တောင် တစ်ယောက်တည်းတော့ ပြန်လွှတ်မှာမဟုတ်ဘူး။

"မင်းတစ်ယောက်တည်းမပြန်နဲ့ အန္တရာယ်များတယ်..ကိုယ်လိုက်ပို့မယ်''

"အာ..ရပါတယ် ကျွန်တော်ဘာသာပဲပြန်လိုက်ပါ့မယ်..ဟာရာ အလုပ်ရှုပ်နေပါဦးမယ်''

"ကိုယ်လိုက်ပို့မယ်..မင်းတစ်ယောက်တည်းစိတ်မချဘူး''

ရှောင်းကျန့်က ဇွတ်အတင်းလိုက်ပို့ချင်နေတဲ့ဟာရာကြောင့် ဆက်ပြီးမူမနေတော့ဘဲ လိုက်ပို့ဖို့ခွင့်ပြုပေးလိုက်တယ်။ သူမလိုက်ပို့နဲ့ဆိုလည်း သူ့ချစ်သူက အတင်းလိုက်ပို့မှာပဲကို။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now