arc 1.9

12.2K 1K 50
                                    

❤Unicode

"Boss! Boss!''

"အဟွတ်! အဟွတ်!''

"ချန် ဘာဖြစ်လာတာလဲ ဒီမှာ Baby သီးသွားပြီ''

ချန်ကသူ့ Boss ဖြစ်သူရဲ့ အကဲပိုမှုမှာ မျက်ဖြူလန်ချင်သွားတယ်။

"Boss ရယ် ဒီတစ်ခါက အကြီးကြီးခံလိုက်ရတာဗျ''

ချန်ရဲ့စကားကြောင့် ရိပေါ်ရော ရှောင်းကျန့်ရောရဲ့အကြည့်တွေက ချန်ဆီကို စုပြုံလာတယ်။ ချန်ကလည်း Boss ဖြစ်သူကိုသေသေချာချာ ရှင်းပြလိုက်တယ်။

"ဒီတစ်ခေါက်လုပ်မယ့် project ပေါက်ကြားသွားပါတယ် Boss''

ချန်ရဲ့စကားအဆုံးမှာ ရိပေါ်ရဲ့မျက်နှာမှာ မဲ့ပြုံးတစ်ခုပေါ်လာတယ်။ သူတို့ဆင်ထားတဲ့အကွက်ထဲ ဝင်လာပြီပဲ။

"အဲ့ project ကိုဖြတ်ချလိုက်တော့ချန်..အဲ့ဒါကအရံသက်သက်ပဲ..တကယ့် project အစစ်က Baby ဆီမှာ''

ရိပေါ်ရဲ့စကားကိုကြားမှ ချန်ကပြုံးပြုံးလေးနဲ့ ပြန်ထွက်သွားတယ်။ သူလည်းစစသိတုန်းက ပူထူသွားမှာပဲ။

"သူ့အကြံမအောင်မြင်မှန်းသာသိရင် ဘယ်လောက်တောင်ပေါက်ကွဲနေမလဲမသိဘူးနော် Daddy''

"သူသေချာပေါက် သွေးအန်လိမ့်မယ်''

"ဟားဟား!''

ရှောင်းကျန့်က သူ့ Daddy ရဲ့ပေါင်ပေါ်တက်ထိုင်ပြီး ရင်ခွင်ထဲမှာခေါင်းလေးမှီနေလိုက်တယ်။ Daddy ရဲ့ရင်ခွင်က အနွေးထွေးဆုံးပဲ။

'host ဇာတ်လိုက်က host ရဲ့ Daddy ကိုသတ်ဖို့ကြံစည်နေပါပြီ'

'ဘာ!'

system လေးရဲ့စကားကြောင့် ရှောင်းကျန့်ရင်တစ်ခုလုံး ပူထူသွားတယ်။ ပထမဘဝမှာလည်း ​​ရှောင်းကျန့်ကြောင့်နဲ့ Daddy သေခဲ့ရတယ်။ ဒီဘဝမှာ သူ့ကြောင့်နဲ့ Daddy လုံးဝမသေစေရဘူး။

'system...ဇာတ်လိုက်ကဘယ်လိုကြံစည်ထားတာလဲ'

'မနက်ဖြန်ကျရင် host ရဲ့ Daddy ကနယ်ဘက်ကစက်ရုံတစ်ခုကို သွားပြီးစစ်ဆေးရပါမယ် host...အဲ့နေ့ကျရင် ဇာတ်လိုက်က host Daddy စီးမယ့်ကားကို ဘရိတ်ကြိုးဖြတ်ထားမှာပါ'

'အင်း..သိပြီ ဇာတ်လိုက်ကို ဆက်ပြီးစောင့်ကြည့်ထား'

'ဟုတ်ကဲ့ပါ host'

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now