arc 6.6 ဂန်ဂျွန်ဟီး

6.4K 813 43
                                    

❤Unicode

ရှောင်းကျန့်နဲ့ထယ်ဂျူ ဇာတ်လိုက်မအလုပ်လုပ်ခဲ့တဲ့ J bar ကိုရောက်နေသည်။ အကြောင်းကတော့ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကို J bar မှာမူးယစ်ဆေးတွေ ဖြန့်ချီနေတယ်ဆိုတဲ့ သတင်းရထားတာကြောင့် အထက်ကဖမ်းပေးရမယ်ဆိုတဲ့ အမိန့်ကျလာတာကြောင့်ပင်။

J bar ရဲ့ စားပွဲဝိုင်းတစ်ခုမှာ ရှောင်းကျန့်က ထယ်ဂျူရဲ့ပေါင်ပေါ်မှာ ထိုင်ရင်း ဝိုင်တစ်ခွက်ကို စိန်ပြေနပြေသောက်နေ၏။

"အချစ် သေချာလို့လား ကိုယ်သိသလိုသာဆိုရင် J bar ကို LEO ဂိုဏ်းကပိုင်တာပဲ၊ LEO က သူ့ဂိုဏ်းမှာ ဒီလိုလုပ်တာတွေခွင့်မပြုဘူးမလား''

ထယ်ဂျူက ဂျွန်ဟီးရဲ့လည်တိုင်လေးကို စုပ်ယူနမ်းရှိုက်နေရင်း ပြောလိုက်သည်။

"အဲ့ Black ဆိုတဲ့လူက အီးပေါလော၊ ကိုယ့်ပိုင်နက်ထဲမှာ ဘယ်သူတွေဘာလုပ်နေတယ်ဆိုတာတောင် သိတာမဟုတ်ဘူး''

ရှောင်းကျန့်မှာ ထယ်ဂျူမေးတာကိုလည်း ပြန်ဖြေရင်း ကလိနေတဲ့သူကြောင့်လည်း ညည်းသံတွေက တစ်ချက်တစ်ချက် ထွက်ထွ​က်လာသည်။

"အချစ်က LEO ဂိုဏ်းအကြောင်း အားလုံးနီးပါးသိထားတာပဲ''

"သိအောင်လည်း စုံစမ်းထားတာကို ဟက်! အဲ့ဒီ Black ဆိုတဲ့လူကို ကျွန်တော့်လက်နဲ့ ​ကိုယ်တိုင်အမှုန့်ချေရမှကျေနပ်မှာ''

ရှောင်းကျန့်ရဲ့ အားတက်သရောပြောနေတဲ့ပုံစံလေးကို ထယ်ဂျူက တွေတွေလေးငေးကြည့်နေ၏။

"အချစ်က ဘာလို့ Black ကိုသတ်ချင်တာလဲ''

"ဟွန်း အဲ့ဒီ Black ဆိုတဲ့ကောင်ကြောင့် ကျွန်တော့်အဖေသေခဲ့ရတာ၊ ကျွန်တော့်အဖေကို ခင်ဗျားသိမှာပါ ရဲမှူးကြီးဂန်ချောလေ အာ့! အရမ်းမညှစ်နဲ့လေ နာတယ်''

"အာ..အရမ်းနာသွားတာလား ကိုယ်တောင်းပန်ပါတယ်''

"ရပါတယ် ဘာမှမဖြစ်ပါဘူး ပြွတ်စ်''

ရှောင်းကျန့် ထယ်ဂျူရဲ့နှုတ်ခမ်းလေးကို စုပ်ယူကာနမ်းရှိုက်လိုက်သည်။ ဘာလို့မှန်းမသိပေမယ့် သူ့ချစ်သူရဲ့မျက်ဝန်းထဲမှာ ဝမ်းနည်းမှုတွေကို တစ်ပိုင်းတစ်စမြင်နေရသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now