arc 7.9 ရန်ကျော်

6.8K 782 30
                                    

❤Unicode

"တောက်! အဲ့ကောင်က ဘာတွေများ အဲ့လောက်တောင် ကောင်းနေလို့လဲ ဟက်! ဒီတစ်နည်းနဲ့မရတော့လည်း ေနာက်တစ်နည်းပေါ့၊ တတိယလူဝင်လာရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေ ပြိုကွဲသွားမှာပဲ''

ပွေ့ချီကာထွက်သွားကြတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး သူမမဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် သူမရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်လာတော့မယ့် ဝန်းရံပိုင်ကို တပ်မက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး ထိုနေရာကနေ လှည့်ထွက်ခဲ့လိုက်တော့သည်။ သူမရဲ့ဦးတည်ရာကတော့ ကျောင်းကန်တင်းမှာရှိနေလောက်မယ့် စိမ်းနဲ့လက်ဖက်တို့ ညီအစ်ကိုနှစ်ယောက်ဆီကိုပင်။

သူမ ကျောင်းကန်တင်းထဲကို စဝင်ဝင်ချင်း မျက်စိမျက်နှာပျက်နေကြတဲ့ စိမ်းနဲ့လက်ဖက်တို့ညီအစ်ကိုနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူမကိုတွေ့တော့ စိမ်းက ခပ်ယဲ့ယဲ့လေးပြုံးပြလာ၏။

"မြလေး လာပြီလား''

"အွန်း စိမ်းမျက်နှာလည်းမကောင်းပါလား၊ လက်ဖက်ရော ဘာတွေဖြစ်နေကြတာလဲ''

သူမမေးလိုက်တော့ လက်ဖက်က သက်ပြင်းအရှည်ကြီးတစ်ခုကိုချပြီး လေးလေးပင်ပင်ပြန်ဖြေလာ၏။

"ငါတို့လုပ်ငန်းရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်လို့ ကုမ္ပဏီမှာ အကြပ်ရိုက်နေတယ်၊ ကံကောင်းတာက လျှို့ဝှက်ချက် တချို့တလေပဲပေါက်ကြားသွားလို့၊ မဟုတ်ရင် ငါတို့ဘဝတော့ မတွေးရဲစရာပဲ''

"တောက်! အဲ့ဒါဝန်းလက်ချက်ပဲ၊ ဟိုကောင်ရန်ကျော်ရဲ့ လှည့်ကွက်တွေထဲမှာ ပိတ်မိနေလို့ ငါတို့ကိုလုပ်ရက်တာ''

လက်ဖက်ရဲ့စကားကို ဦးထုပ်စိမ်းက ေတာက်ခေါက်ကာ ဝင်ပြောလာ၏။ သူ့ရဲ့မျက်လုံးတွေထဲမှာလည်း ရန်ကျော်ကို သတ်ပစ်ချင်တဲ့အငွေ့အသက်တွေ ပြည့်နှက်နေသည်။

"အဲ့လောက်ကြီးလည်း မစိုးရိမ်ပါနဲ့ စိမ်းရယ်၊ ဝန်းနဲ့ နည်းနည်းလောက် ညှိနှိုင်းကြည့်ပါလား၊ ဘာပဲပြောပြော ငယ်သူငယ်ချင်းသံယောဇဉ်လည်း ရှိနေမှာပါ''

ခင်မြဦးရဲ့စကားကြောင့် စိမ်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့မျက်လုံးတွေ လင်းလက်သွားသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now