arc 2.1 ကူရာ

15.3K 1.2K 72
                                    

❤Unicode

'system နယ်မြေကနေ ပြန်လည်ကြိုဆိုပါတယ် host'

ရှောင်းကျန့်က သူ့ရဲ့ system လေးကိုခေါင်းငြိမ့်ပြပြီး ဟင်းလင်းပြင်ထဲက ကြယ်ရောင်တွေတောက်နေတဲ့ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်တယ်။ system လေးကလည်း သူ့ host ရဲ့စိတ်ကိုသိတာကြောင့် ငြိမ်ငြိမ်လေးပဲနေပေးတယ်။

'system နောက်ကမ္ဘာသွားရအောင်'

'host မနားတော့ဘူးလား'

'မနားတော့ဘူး..ငါမင်းကို system လို့ပဲခေါ်နေရတာမကောင်းတော့ဘူး..ငါမင်းကိုနာမည်တစ်ခုပေးမယ်လေ..ဘယ်လိုလဲ''

'host တကယ်ပြောတာလား ဘယ်လိုနာမည်ပေးမှာလဲဟင်'

system လေးက သူ့ရဲ့ host ကို မျှော်လင့်ချက်ရောင်​ြခည်လေးတွေသန်းနေတဲ့ အကြည့်တွေနဲ့ကြည့်လို့နေတယ်။

'မင်းကယုန်လေးဆိုတော့ Bunny ဆိုရင်ရော'

'ကြိုက်တယ်..ကြိုက်တယ် host ဟီး host ကအရမ်းချစ်ဖို့ကောင်းတာပဲ'

system လေးက သူ့ကိုနာမည်ပေးတဲ့ host ကြောင့် ပျော်ရွှင်နေတယ်။

'ဒါဆို နောက်ကမ္ဘာတစ်ခုကိုသွားရအောင်လေ'

'ဟုတ်ကဲ့ပါ host...အခု host ရဲ့point တွေကိုတွက်ပြပါမယ်..mission ၃ ခုလုံး အောင်မြင်တဲ့အတွက် အခု host မှာ point 2500 ရှိပါတယ်..နောက်ကမ္ဘာကိုသွားဖို့ skill တစ်ခုသင်ရပါမယ် ဆေးပညာ၊ ဂီတ၊ အချက်အပြုတ်ထဲက တစ်ခုရွေးပါ host'

'ဆေးပညာရွေးတယ်'

'​အရှေ့ကတံခါးထဲကိုဝင်သွားလိုက်ပါ host'

ရှောင်းကျန့်က bunny လေး​ြပတဲ့တံခါးထဲကိုဝင်သွားလိုက်တယ်။ ရှောင်းကျန့်ဝင်သွားတာနဲ့ bunny လေးနားကို ဝတ်ရုံနက်နဲ့ ခန့်ညားတဲ့လူငယ်လေးတစ်ယောက် ရောက်လာတယ်။

"အရှင့်ကို ဂါရဝပြုပါတယ်''

"အင်း bunny ငါမင်းကို update မြှင့်ပေးခဲ့မယ်..နောက်ကမ္ဘာတွေမှာ မင်းသခင်ကိုသေချာစောင့်ရှောက်ပါ'

"ဟုတ်ကဲ့ပါအရှင်..ဒီကံကြမ္မာစမ်းသပ်ချက်အတွက် စိတ်မပူပါနဲ့ သခင်က အရှင့်အပေါ်မှာ အရှင်ထင်ထားတာထက်ပိုပြီးချစ်ပါတယ်''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now